ပရိတ်သတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေနဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

နေခြည်ဦးဟာ အရင်ကသူမဘာသာအိမ်ခွဲနေခဲ့ပေမယ့် အခုအချိန်မှာတော့ မိဘအိမ်မှာပဲပြန်လည်နေထိုင်နေတော့ဝာာပဲဖြစ်ပါတယ်။ နေခြည်ဟာ မနက်တိုင်းလည်း သူမတို့ရဲ့ခြံ၀န်းထဲမှာ workoutလေ့ကျင့်ခန်းတွေပုံမှန်လုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။ မနက်တိုင်း workoutလုပ်တဲ့ နေခြည့်အတွက် နေခြည့်မေမေအန်တီဆွေက နေရာကို privacyကောင်းအောင် သေချာဂရုတစိုက်နဲ့ပြုလုပ်ပေးလိုက်ပြန်တာလည်းဖြစ်ပါတယ်။

Photo credit-Amazing Grace
Photo credit-Nay Chi Oo's Facebook acc

ဒီအကြောင်းအရာလေးကို နေခြည်ဟာ သူမရဲ့ Facebook my dayလေးမှာ "သူ့သမီး workoutလုပ်တာ privacyမရှိလို့တဲ့ ချက်ချင်းတပ်ကာတာနော်" ဆိုတဲ့စာသားလေးနဲ့အတူ အန်တီဆွေရဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ နေခြည့်မေမေက နေခြည့်ကိုအရမ်းကိုဂရုစိုက်ပေးတာပါနော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

Source& video credit-Nay Chi Oo's Facebook acc

Photo credit-Nay Chi Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။