ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရင်း အနုပညာလမ်းကြောင်းထက်ကို စတင်လျှောက်လှမ်းလာခဲ့သူ​လေးပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်က ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးနေတာဖြစ်လို့ အချိန်ခဏလေးအတွင်းမှာ ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။

Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing

လက်ရှိမှာတော့ ခေးဆက်သွင်က ကိုရိုနာဗိုင်းရပ် ကူးစပ်ပြန့်ပွားလာတဲ့ ကိစ္စလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ လွမ်းနေတဲ့ ပရိသတ်တွေအတွက် မကြာခဏဆိုသလို ပုံရိပ်အလှလေးတွေကိုလည်း တင်ပေးလေ့ရှိနေပြီး ယနေ့မှာလည်း တင်ပေးလာခဲ့ပါတယ်နော်။ ကြည့်မိသူတိုင်း အသည်းယားအချစ်ပိုမိစေလောက်တဲ့ ပုံရိပ်အလှလေးတွေအပြင် စာသားလေးတွေကိုလည်း ရေးသားထားတာပါ။

Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing

ခေးဆက်သွင်က " အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ပြည်သူထဲက ပြည်သူမို့ အားလုံးအတွက် တစ်ဖက်တစ်လမ်းကနေ အကြံဉာဏ်ကောင်းလေးတွေ ဖြစ်မယ်လို့ မျှော်လင့်ပြီး လွန်ခဲ့သော တစ်ပတ်လောက်ကတည်း ကကြိုတင်ပြင်ဆင်ခဲ့ပါတယ် အားလုံး စိတ်ညစ်ညူးနေချိန်မို့ ပညာပေးဆန်ဆန်မျိုးလည်း မဖြစ်အောင် ကျန်းမာရေးအတွက် လိုအပ်မယ့်အချက်လေးတွေကို အနုပညာ အလှအပ ရှုခင်း တွေနဲ့ ချော့မော့ရင်း နားတော်သွင်းတယ်လို့လည်း မှတ်ယူချင် မှတ်ယူပါလေ အမှားပါခဲ့ရင်လည်း ကြိုးစားပြင်ပါ့မယ် အားလုံးသိစေဖို့ ကူညီမျှဝေဖို့လည်း မျှော်လင့်ပါတယ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။ 

Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing
Photo credit - Myat Bhone Naing

Photo credit - Myat Bhone Naing

Source - Khay Sett Thwin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။