ချစ်ပရိသတ်ကြီးရေ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမူကိုတစ်ခဲနက်ရရှိခဲ့ကာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်း ဟာ သီချင်းကောင်းတွေသီဆိုတတ်ပြီး သူမရဲ့ သီချင်းတွေကလည်း ပရိသတ်ရင်ထဲမှာ နေရာယူခဲ့ပြီး အကြိုက်တွေ့စေခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ သူမဟာ ပွင့်ပွင့်လင်းလင်း စကားပြောဆိုတတ်ပြီး ရိုးသားတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုနေရတာဖြစ်ပါတယ်။

Photo Credit - Phyu Phyu Kyaw Thein fb account
Photo Credit - Phyu Phyu Kyaw Thein fb account

သူမဟာ ဝတ်စားဆင်ယဉ်မှုတွေကလည်း တမူထူးခြားတဲ့ အလန်းစားဖက်ရှင်တွေကို ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှတွေကပါ ချစ်ခင်အားကျရတဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ဖြူဖြူကျော်သိန်း က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံလေးတွေကို အမြဲမျှဝေပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ ဖြူဖြူကျော်သိန်း က ကျော်ထက်အောင် ရဲ့ အိမ်ကို သွားရောက်လည်ရင်း အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Phyu Phyu Kyaw Thein fb account
Photo Credit - Phyu Phyu Kyaw Thein fb account

ဒီပုံလေးတွေထဲမှာတော့ စားစရာလေးတွေနဲ့ ဧည့်ခံပေးနေတဲ့ ကျော်ထက်အောင်နဲ့ အပြင် ချစ်စရာကောင်းတဲ့ ခွေးလေးနဲ့ အတူ ပျော်ရွှင်စရာကောင်းလောက်အောင် ရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူကျော်သိန်း က " သူငယ်ချင်းတွေဆီသွားလည်တာ ရှိတာလေးတွေဖလှယ်ပြီးစားကြတာပေါ့ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ကျော်ထက်အောင် ရဲ့ အိမ်ကိုသွားလည်ရင်း ရိုက်ထားတဲ့ ဖြူဖြူကျော်သိန်း ရဲ့ ချစ်စရာပုံလေးတွေကို အသည်းလေးတွေ ပေးခဲ့ပါဦးနော်....။

Photo Credit - Phyu Phyu Kyaw Thein fb account
Photo Credit - Phyu Phyu Kyaw Thein fb account

Photo Credit - Phyu Phyu Kyaw Thein fb account

Source - Phyu Phyu Kyaw Thein fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။