MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ မင်းသားချောလေး စိုပြေမြင့်ကတော့ တစ်နေ့တခြား နာမည်ပိုရလာတာလည်း ဖြစ်ပါတယ် ။ စိုပြေမြင့်က အခုချိန်အထိ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးခဲ့ပြီး ကျရာဇာတ်ရုပ်မရွေး အကောင်းဆုံးသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ အထူးသဖြင့် စိုပြေမြင့်က သရုပ်ဆောင်တော်သလို ရုပ်ရည်ကလည်း ချောမောခန့်ညားတာကြောင့် မိန်းကလေးပရိသတ်တွေက သူ့ကိုဝန်းရံအားပေးကြတာ ဖြစ်ပါတယ် ။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

ယခုလက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ "တို့မမနဲ့တို့" ဇာတ်လမ်းတွဲလေးမှာလည်း စိုပြေမြင့်က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲလေးမှာ စိုပြေမြင့်က ချစ်စမ်းမောင်ဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း စိုပြေမြင့်က "တို့မမနဲ့တို့" ဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး မြတ်သူသူနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

စိုပြေမြင့်က "အသန်းရယ် ဒီပုံတွေ တကယ်တမ်းတော့ ဒါရိုက်တာရိုက်ခိုင်းလို့ရိုက်ခဲ့ရတာပါကွာ " ဆိုပြီး အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ စိုပြေမြင့်နဲ့ မြတ်သူသူတို့သူငယ်ချင်းနှစ်ယောက်ကတော့ အတူတူဓာတ်ဖမ်းရင်း ရယ်မောပျော်ရွှင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကဲ "တို့မမနဲ့တို့" ဇာတ်လမ်းတွဲရိုက်ကွင်းပေါ်က စိုပြေမြင့်နဲ့ မြတ်သူသူတို့ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-So Pyay Myint's FB Acc

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။