သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူလေးဖြစ်သလို ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ ချိုသာယဉ်ကျေးတဲ့အသံလေးနဲ့ ဖမ်းစားနိုင်တဲ့ မေမြင့်မိုရ်က အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit : May Myint Mho Facebook Page
Photo Credit : May Myint Mho Facebook Page

ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်သမီးချောလေးဖြစ်တဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်သူလေးပဲ ဖြစ်ပြီး သူမရဲ့ ချစ်စရာပုံရိပ်လေးတွေဟာလည်း မြင်ရသူရင်ကို အေးချမ်းစေခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာတော့ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

Photo Credit : May Myint Mho Facebook Page
Photo Credit : May Myint Mho Facebook Page

ယနေ့မှာတော့ မြန်မာဝတ်စုံလေးဝတ်ကာ အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ယဉ်ယဉ်လေး ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။မေလည်း ဒီထက်မကအောင်မြင်မှုတွေ ပိုင်ဆိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : May Myint Mho Facebook Page
Photo Credit : May Myint Mho Facebook Page

Source & Photo Credit : May Myint Mho Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။