သရုပ်ဆောင်ဘက်တွင်သာမက အဆိုဘက်မှာပါ ထူးချွန်သူကတော့ သရုပ်ဆောင် မင်းသား မင်းမော်ကွန်းပဲ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်က " မြေပဲယို " ဆိုတဲ့ Music Band တည်ထောင်ပြီး သီချင်းလေးတွေလည်း သီဆိုခဲ့တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ " နှလုံးလှလူမိုက် " ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

သူဟာ မကြာသေးခင် ရက်ပိုင်းလောက်ပဲ နှင်းဆီညီအစ်ကိုများနဲ့အတူ ဂီတဖျော်ဖြေပွဲလေးတစ်ခု ကျင်းပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သီချင်းဆိုတာကို ရူးသွပ်စွဲလမ်းတဲ့ မင်းမော်ကွန်းကတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သီချင်းလေးတွေ သီဆိုပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း သူ့ရဲ့ Facebook အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

ဒါကတော့ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းလေးကို ဂီတာလေးတီးပြီးပြန်လည်သီဆိုထားတဲ့ မင်းမော်ကွန်းရဲ့Videoလေးပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းကလည်း " ပြန်ဆိုမိတယ်

ခဏလောက်ပြုံးပါ

ရေးဆို မင်းမော်ကွန်း " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နားဆင်ခံစားကြည့်ရှုနိုင်အောင် မင်းမော်ကွန်းရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။