ပရိသတ်ကြီးရေ.......သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေးမြတ်သူကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပြီး ပျော်စရာကောင်းတဲ့မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပါတယ်။ မြင့်မြတ်ဟာ စေတနာသဒ္ဓါတရားထက်သန်တဲ့ သူလည်းဖြစ်ပြီးတော့ မကြာခဏဆိုသလိုလည်း လှူဒါန်းမှုတွေကို ရက်ရက်ရောရောလုပ်လေ့ရှိပါတယ်။ မကြာသေးမီကလည်း မြင့်မြတ်ရဲ့ တပည့်ဖြစ်တဲ့မြတ်ဝေထွန်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ မြင့်မြတ်တို့မိသားစုရဲ့ အလှူဒါနလေးကို ရေးသားဖော်ပြလာပါတယ်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

"အလှူဒါန သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင် သားမောင်မြတ်သူမိသားစုမှမရမ်းကုန်း မြို့နယ်၁၀ရပ်ကွက်အခြေခံလူများကိုဆန်အိတ်များနှင့် ဆီများလှူဒါန်းခဲ့ပါတယ်။နတ်လူသာဓုခေါ်စေသော်" ဆိုပြီးရေးသားကာ ပုံလေးတွေ တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

Source-Myat Wai Tun's Facebook acc

Photo credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။