ဟန်နာယူရီကတော့ ကိုးရီယားမင်းသမီလေးလို ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာအပြုံးလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေးပဲ ဖြစ်ပါတယ်။မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ချစ်စရာကောင်းလွန်းတဲ့ သူရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားကြောင့် ပရိသတ်တွေကြား နာမည်ကျော်ရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ်။

Photo Credit : Hanna Yuri Facebook Page
Photo Credit : Hanna Yuri Facebook Page

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ဟန်နာယူရီကတော့ ယခုမှာ ကြော်ငြာတွေကိုလည်းရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။ Make up artist တစ်ယောက်ဖြစ်ပေမယ့် မြင်သူတိုင်း ငေးမောလောက်တဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာကောင်းအောင် လှပလွန်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတာဖြစ်ပါတယ်။ 

Photo Credit : Hanna Yuri Facebook Page
Photo Credit : Hanna Yuri Facebook Page

သူမဟာ အနုပညာအလုပ်တွေ တောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာလည်းသူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ ကိုရီးယား မင်းသမီးလေးလားထင်မှတ်ရလောက်အောင် အရမ်းချစ်စရာကောင်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Hanna Yuri Facebook Page
Photo Credit : Hanna Yuri Facebook Page

Source & Photo Credit : Hanna Yuri Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။