Assassins တွေဟာဆိုရင် သွေးနည်းပြီး Damage များများထွက်ရှိတဲ့ Role ပဲဖြစ်ပါတယ်။ ဂိမ်းကစားသူအနေနဲ့ဆိုရင် Fighter တွေလိုမျိုး Assassins တွေကို အရှေ့ကနေဝင်ဝင်ပြီးတော့ မခုတ်သင့်ပါဘူး။ လစ်ရင်လစ်သလို ဝင်တိုက်ရတာဖြစ်တာမို့ သူတို့ကို ကောက်စားလို့ပြောချင်ကောင်းပြောမိနိုင်မယ်။ ဒါပေမဲ့ သူတို့က လိုက်သတ်တာတင်မဟုတ်ပဲ အသင်းကမသတ်နိုင်တဲ့ကောင်တွေကိုပါလိုက်သတ်နိုင်ရပါတယ်။ အဲ့ထဲမှာ Karina ကအမိုက်ဆုံးလို့ပဲပြောရမလား။  

Skill 1 ကတော့ အနည်းငယ်ကိုဖျော့သွားပြီး အဲ့ချိန်မှာခုတ်ရင် Damage လဲပိုထိသလို ကိုယ်ပျောက်နေတုန်း ကိုယ့်ကို ဘာ Basic Damage မထိစေပါဘူး။ ရွှေ့လျားနှုန်းလဲမြန်စေတာမို့ ထွက်ပြေးတဲ့အခါဖြစ်ဖြစ် လိုက်သတ်တဲ့အခါဖြစ်ဖြစ် သုံးလို့ကောင်းပါတယ်။ Skill 2 ကတော့ AOE Damage ပေးနိုင်ကာ Passive ကိုလဲအမြန်ရစေတာမို့ အဓိကကျပါတယ်။ Ultimate ကတော့ သင်ချိန်ထားတဲ့ရန်သူဆိကို ပြေးဝင်သွားကာ Damage တော်တော်‌ေလးထိစေပါတယ်။ တကယ်လို့ရန်သူကသေရင်ပဲဖြစ်ဖြစ် သင်ကသေအောင်ကူညီသည်ဖြစ်ဖြစ် Skill က CD လျော့ချပေးမှာဖြစ်ပါတယ်။  

Passive ကတော့ ၂ချက်ခုတ်ပြီးတိုင်း ရန်သူကို True Damage ပေးတာမို့ တော်တော်လေးမိုက်ပါတယ်။ Battle ဆိုင်ရင် အရှေ့ဆုံးကနေမဝင်ပဲ နောက်ကနေချောင်းကာ Ulti နဲ့ Damage ပေးနေတဲ့ရန်သူကို ပြေးထိုးကာ Skill 2 လှည့်ပြီး 1 သုံးပါ။ ရန်သူအနေနဲ့ သေဖို့များပါတယ်။ Karina က ကောင်းကောင်းကိုင်တက်ရင် Savage ရဖို့ တော်တော်များပါတယ်။

သတင်းအရင်းမြစ် : Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။