ပရိသတ်ကြီးရေ ကိုရီးယားမင်းသမီးတစ်ယောက်လို့ ထင်မှတ်ရလောက်တဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့သူကတော့ မင်းသမီးချောလေး ဆောင်းယွန်းစံလေး ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆောင်းယွန်းစံ က ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေသလို photo Shooting တွေကိုလည်း ရိုက်ကူးနေသူပဲဖြစ်ပါတယ် ။ ဒါ့အပြင် အနုပညာနယ်ပယ်မှာ ပရိသတ်တွေချစ်ခင်နေရတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတဲ့သူပဲဖြစ်ပါတယ်။

Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account

ဆောင်းယွန်းစံဟာ ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် အလှတရားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ်လိုက်ဖက်မှုရှိအောင် ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ မကြာခဏဆိုရင် ဆောင်းယွန်းစံ က ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာပုံရိပ်လေးတွေအပြင် အသည်းယားစရာဖြစ်လောက်မယ့် tik tok ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုတစ်မှာတော့ မင်းသမီး ဆောင်းယွန်းစံ က လွမ်းနေတဲ့ ပရိသတ်တွေအတွက် သူမရဲ့ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account

ဒီပုံလေးတွေထဲမှာတော့ ဆောင်းယွန်းစံ က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကိုဝတ်ပြီး ပရိသတ်တွေ ချစ်အားပိုမယ့် အမူအရာလေးတွေနဲ့ပို့စ်ပေးနေတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဆွဲဆောင်မှုရှိရှိ ရင်ခုန်စရာကောင်းနေတဲ့ ဆောင်းယွန်းစံ ရဲ့ ပုံလေးတွေကို သဘောကျကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အလန်းစားပုံလေးတွေနဲ့ ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ဆောင်းယွန်းစံ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Saung Yoon San fb account

Source - Saung Yoon San fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။