အဆိုတော်ဖြိုးမြတ်အောင်ကတော့ အနုပညာလောကထဲကို ပြိုင်ပွဲတွေကနေတဆင့် ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေအားပေးရလောက်တဲ့ အသံအနေအထားကို ပိုင်ဆိုင်ထားပါတယ်နော်။ဖြိုးမြတ်အောင်က လက်ရှိမှာဆိုရင်လည်း ပရိသတ်တွေကြိုက်နှစ်သက်မယ့် သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေတာဖြစ်ပါတယ်။ဖြိုးမြတ်အောင်က ကြော်ငြာတွေလည်း ရိုက်ကူးနေရတာဖြစ်လို့ သူရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို ပရိသတ်တွေက အားပေးဝန်းရံကြပါတယ်။

Photo Credit:Zin Phyoe
Photo Credit:Zin Phyoe
Photo Credit:Zin Phyoe

ဖြိုးမြတ်အောင်က အသံပါဝါအားအရမ်းကောင်းပြီး သူ့ရဲ့သီချင်းလေးတွေကလည်း အရမ်းနားထောင်လို့ကောင်းပါတယ်။ဖြိုးမြတ်အောင်က ရိုးရိုးရှင်းရှင်း နေထိုင်တတ်ပြီး ပွင့်လင်းရိုးသားတဲ့သူဖြစ်လို့ ပရိသတ်တွေက ပိုချစ်နေရတာဖြစ်ပါတယ်။မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့သားတစ်ယောက်ဖြစ်တာကြောင့် မိဘကိုလည်းလိုလေသေးမရှိအောင်ထားပေးသလို အလှူအတန်းတွေလည်း အမြဲလုပ်ဆောင်ပါတယ်နော်။

Photo Credit:Zin Phyoe
Photo Credit:Zin Phyoe
Photo Credit:Zin Phyoe

ဖြိုးမြတ်အောင်က အခုလတ်တလောမှာဆိုရင်တော့ ဂဝံပျူမြို့ဟောင်းက တောတွင်းတစ်နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။ဖြိုး‌မြတ်အောင်ကတော့ သဘာဝရဲ့အလှတရားတွေကြားမှာ ပျော်ရွှင်ပြီး အေးချမ်းနေတာဖြစ်ပါတယ်။ယောက်ျားပီသတဲ့ခန္ဓာကိုယ်နဲ့ ခန့်ညားနေပြီး အမိုက်စားပိုစ့်တွေပေးနေတဲ့ ဖြိုးမြတ်အောင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zin Phyoe
Photo Credit:Zin Phyoe
Photo Credit:Zin Phyoe

Photo Credit:Zin Phyoe

Source:Phyo Myat Aung's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။