ချစ်ပရိသတ်ကြီးရေ.....မင်းသားချောလေးဘုန်းလျှံကတော့ တစ်ချိန်ကအနုပညာလောကမှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ 

ကျရာနေရာမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ဘုန်းလျှံကတော့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

Photo credit - Tara M T M's FB account
Photo credit - Tara M T M's FB account

ဘုန်းလျှံကတော့ ယခုမှာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံ ရိုက်ကူးလျက်ရှိနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ဘုန်းလျှံကတော့ မကြာခဏဆိုသလို သူရဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။

Photo credit - Tara M T M's FB account
Photo credit - Tara M T M's FB account

ပရိသတ်တွေအချစ်ပိုရတဲ့ ဘုန်းလျှံကတော့ ချစ်ရတဲ့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ ချပြထားပြီး သူတို့စုံတွဲလေးကတော့မကြာခင်မှာ လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ ယနေ့မှာလည်း ချစ်သူလေးကို ဘုန်းလျှံက ဓာတ်ပုံရိုက်ပေးနေတာပါ။ ကြည်နူးစရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေအပြင် " My photographer ကို covidကာလမှာ၆ ပေအကွာနေပါဆို ဘယ်လိုမှပြောမရဘူး " ဆိုပြီး ဘုန်းလျှံရဲ့ ချစ်သူက ရေးသားမျှဝေလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။ 

Photo credit - Tara M T M's FB account

Photo credit - Tara M T M's FB account 

Source - Tara M T M's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။