ယောက်ျားပီသပြီး တောင့်တင်းကျစ်လျစ်တဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူကတော့ မင်းသားချောလေး ဘုန်းလျှံပဲ ဖြစ်ပါတယ် ။ ဘုန်းလျှံဟာဆိုရင် ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိပြီးသားလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဘုန်းလျှံက ကိုယ်ပိုင်ဘဝအသစ်လေးတစ်ခုကို စတင်လျှောက်လှမ်းနေသလို အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ် ။

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

အချစ်ရေးနဲ့ပတ်သက်ရင်တော့ ဘုန်းလျှံက သူအရမ်းချစ်ရတဲ့ချစ်သူလေးနဲ့ မကြာခင်မှာ လက်ထပ်မယ့်အကြောင်းကို အားလုံးသိ‌အောင် အသိပေးထားပြီးသား ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့လပိုင်းကပဲ ဘုန်းလျှံက ချစ်သူလေးနဲ့အတူ Pre Wedding ပုံရိပ်တွေကိုပါ ရိုက်ကူးပြီးစီးခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း ဘုန်းလျှံက "Covid ကြီးမြန်မြန်ဒိုးမှ..သူငယ်ချင်းတွေနဲ့အပြင်ဒိုးနိုင်မှာ" ဆိုပြီး ချစ်သူလေးနဲ့စုံတွဲပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

ဘုန်းလျှံက မကြာခင်မှာလက်ထပ်တော့မယ့် သူ့ရဲ့ဇနီးလောင်းလေးကို ရင်ခွင်ထဲမှာ အားရပါးရပွေ့ဖက်ထားပြီး အရမ်းကိုပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ် ။ ဘုန်းလျှံအနေနဲ့ကတော့ သူ့ရဲ့ချစ်သူကောင်မလေးကို ပရိသတ်တွေသိအောင် Official ချပြထားတာလည်း ဖြစ်ပါတယ် ။ ကဲ အရမ်းလိုက်ဖက်ပြီး အားကျချင်စရာကောင်းနေတဲ့ မင်းသား ဘုန်းလျှံတို့စုံတွဲလေးရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Bhone Hlan's FB Acc

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။