PSG.LGD ကတော့ လုံးဝ suprise ဖြစ်သွားစေတဲ့ သူတို့ရဲ့ dota 2 roster အသစ်ကိုကြေညာခဲ့ပါတယ်။

ဒီ roster အသစ်ထဲမှာတော့ ပြီးခဲ့တဲ့ season တုန်းက ကစားခဲ့တဲ့ roster ထဲက players တွေ တစ်ယောက်မှ ပြန်လည်ပါဝင်လာခဲ့ခြင်း မရှိတော့ပါဘူး။

Somnus'M , fy တို့ကတော့ အသင်းကနေထွက်ခွာသွားပြီဖြစ်ကြောင်း အရင်ကြေညာခဲ့သလို ယခုကြေညာချက်ထဲမှာတော့ old eLeVeN, xnova နဲ့ Chalice တို့ပါ အသင်းကနေ တရားဝင်ထွက်ခွာသွားပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

PSG.LGD ရဲ့ လက်ရှိ dota 2 roster ကတော့

Po 1- Ame

Po 2- NothingToSay

Po 3- Faith_bian

Po 4- XinQ

Po 5- y'

တို့ပဲ ဖြစ်ပါတယ်။

ဒီ roster ထဲက Ame ကတော့ PSG.LGD က player ဟောင်းဖြစ်ပြီး CDEC ကိုအငှားသွားရောက်ကစားပေးပြီနောက် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျန်တဲ့ NothingToSay, Faith_bian, XinQ နဲ့ y' တို့ကတော့ EHOME ကနေ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

PSG.LGD ရဲ့ ဒီ roster အသစ်ကို ဘယ်လိုထင်ကြလဲ ဘော်ဒါတို့........

Photo credit - LGD Gaming facebook page

Source - LGD Gaming facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။