ပရိတ်သတ်ကြီးရေ.....ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေနဲ့ ဇာတ်ရုပ်ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးခေးဆက်သွင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာသရုပ်ဆောင်ပိုင်းမှာကြိုးစားသူဖြစ်တာကြောင့် ဇာတ်လမ်းတွဲများစွာအပြင် ရုပ်ရှင်ကားကြီးတွေအထိပါရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီးတစ်ယောက်ပါ။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

ခေးဆက်သွင်ဟာ အနုပညာအရည်အချင်းပြည့်၀တဲ့မင်းသမီးလေးဖြစ်တဲ့အပြင် စိတ်သဘောထားလည်းကောင်းမွန်တဲ့သူလေးပါ။ သူမဟာ ပျော်ပျော်နေတတ်သူဖြစ်ပြီး ပရိတ်သတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတဲ့သူလေးပါနော်။ ခေးဆက်သွင်ဟာ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်လည်း ဖြစ်တာကြောင့် tik tokဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးလေ့ရှိတဲ့သူလေးဆိုလည်းမမှားပါဘူးနော်။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

မကြာသေးမီကလည်း ခေးဆက်သွင်ဟာ သူမရဲ့ Tik tok accလေးမှာ ဆံပင်အရှည်လေးနဲ့ ပူဖောင်းလေးတွေကိုင်ကာ ချစ်စရာကောင်းနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ခေးဆက်သွင်ရဲ့ ယဉ်ယဉ်လေးနဲ့လှနေတဲ့ အလှတရားလေးကို ဒီဗီဒီယိုလေးမှာ အထင်းသားတွေ့မြင်ရတာပါနော်။ ကဲ.......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
@khaykhay213

##safemyanmar ##stay_home_stay_safe ##natural ##health ##beauty ##foryoupage ##myanmartiktok ##fyp ##covid19 ##khay

You Are The Reason - Calum Scott

Source& video Credit-Khay Sett Thwin's Tik tok acc

Photo credit-Khay Sett Thwin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။