မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး အနုပညာလမ်းကြောင့်ပေါ် လျှောက်လှမ်းနေတာဖြစ်ပါတယ်။ရွှေမှုံက သူမကိုအရမ်းဂရုစိုက်တဲ့ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ အမြဲစိတ်ချမ်းသာပြီး ပျော်ရွှင်နေရတာဖြစ်ပါတယ်။ရွှေမှုံနဲ့ရွှေထူးတို့ဇနီးမောင်နှံကတော့ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လာခဲ့တာ မကြာခင်မှာ (၂)နှစ်ပြည့်တော့မှာဖြစ်ပါတယ်နော်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

ပရိသတ်တွေကလည်း ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံလေးကို အရမ်းချစ်ကြလို့ သူတို့ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ရွှေမှုံလေးကတော့ အသက်သာငယ်ပေမယ့် အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်ပါတယ်နော်။လက်ရှိမှာဆိုရင်လည်း ရွှေထူးနဲ့ရွှေမှုံက သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေကြတာဖြစ်ပါတယ်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

ရွှေမှုံလေးက အိမ်ထောင်ကျသွားပေမယ့်လည်း အပျိုတုန်းကအတိုင်း လှပပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှသွေးကြွယ်နေတဲ့ ချစ်ဇနီးချောလေးကို ရွှေထူးကလည်း ချစ်မဝဖြစ်နေရတာပါနော်။အခုဆိုရင်တော့ ရွှေထူးကိုယ်တိုင်ရိုက်ပေးထားတဲ့ ရွှေမှုံရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

Source&Photo Credit:Shwe Mhone Yati's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။