ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့် ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါဝင်ပဲဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့အတူ နေရာတစ်နေရာကို အခိုင်အမာရယူထားနိုင်တာဖြစ်ပါတယ်။  ဒါ့အပြင် ပိုးအိအိခန့်က ​မြန်မာ့ဂုဏ်ဆောင်ဘောလုံးသမားအောင်သူနဲ့လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသားလေးတစ်ယောက်ကို မွေးထားပါသေးတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account

ပိုးအိအိခန့် ရဲ့ သားလေးကလည်း တစ်နေ့တခြား ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေပြီး ဖေဖေမေမေတို့ ရဲ့ အသည်းကျော်လေးပဲဖြစ်ပါတယ်။ ပိုးအိအိခန့် က သားလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်နေရတာကြောင့် သူမက အနုပညာလှုပ်ရှားမှုတွေ သိပ့်မလုပ်ဖြစ်တော့ပေမယ့် နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအတွက် အမြဲလိုလို မျှဝေပေးပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ဗီဒီယိုလေးကို မေမေပိုးအိအိခန့် က တင်ပေးလာခဲ့ပါတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Amazing Grace (photography )

ဒီဗီဒီယိုလေး ထဲမှာတော့ မေမေပိုးအိအိခန့် က စူပုတ်ပုတ်လေးနဲ့ အလိုမကျဖြစ်နေတဲ့သားလေးကို အရုပ်လေးတွေနဲ့ချော့မြူရင်း ကစားပေးနေတာဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးနဲ့လည်း မေမေ ပိုးအိအိခန့် က " ငယ်ငယ်ကဖက်တီးလေး အခုတော့ ထမင်းမစားချင်တဲ့ လူဆိုးလေးဖြစ်နေပြီ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ သားလေးဆော့ကစားနေတာလေးကို ဘေးမှာထိုင်ပြီး အတူဆော့ကစားပေးနေတဲ့ ကြည်နူးစရာ ပိုးအိအိခန့် တို့ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video Credit - Thwin Oo Han fb page 

Source - Thwin Oo Han fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။