မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါ ထူးချွန်သူလေး ဖြစ်ပါတယ် ။ နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း သီချင်းတွေတွဲဖက်သီဆိုခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ နန်းမြတ်ဖြိုးသင်းက ချစ်ခင်ပွန်း၊သားလေးတို့နဲ့အတူ ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတောင် အနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်နေတဲ့ နန်းမြတ်ဖြိုးသင်းက ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်းက ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ် ။ တစ်သားမွေးတစ်သွေးလှလို့တောင် ဆိုနိုင်တဲ့ နန်းမြတ်ဖြိုးသင်းက ကိုယ်ဝန်လွယ်ထားရတာတောင် အလှမပျက်ဘဲ နုပျိုနေတာ ဖြစ်ပါတယ် ။

Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Production
Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Production

အခုလည်း နန်းမြတ်ဖြိုးသင်းက "ပန်းတွေရှိတဲ့ကမ္ဘာမှာပဲနေချင်တယ်" ဆိုပြီး အရမ်းလှတဲ့ ပန်းတွေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ပုံရိပ်တွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်လေးလရှိနေပြီဖြစ်တဲ့ မေမေနန်းမြတ်ဖြိုးသင်းကတော့ ကြည်လင်ဝင်းပတဲ့ မျက်နှာလေးနဲ့ အရင်ကထက်တောင် ပိုလှလာတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Nann Myat Phyo Thinn's FB Page

Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Production

Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Production
Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Production
Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Production

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။