ပရိသတ်ကြီးရေ ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အလှူအတန်းဆိုလည်းအရမ်းရက်ရောကြတာကြောင့် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားတာဖြစ်ပါတယ်။ချစ်သုဝေတို့ ခေတ်သစ်ဖောင်ဒေးရှင်းကလည်း အလှူရှင်တွေနဲ့အတူပူပေါင်းပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းနေတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း ချစ်သုဝေက Covid19ဒုတိယလှိုင်းအတွက် လှူဒါန်းဖို့စီစဉ်နေတာဖြစ်ပါတယ်။

Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

ချစ်သုဝေက"COVID ဒုတိယလှိုင်းမှာခေတ်သစ် ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ​ ဆေးတက္ကသိုလ်(၁) ပါမောက္ခ‌ ဒေါက်တာဇော်ဝေစိုး၊ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့တိုင်ပင်အကြံ ဉာဏ်ရယူခဲ့ပါတယ်။များပြားလာတဲ့ Case တွေအတွက် အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး (ရေ၊ မီး၊ airconနဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ 30 ဆံ့တဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ။လူနာများထားနိုင်သော ဆေးရုံ (၄) ရုံအတွက် Tent (၄) လုံး ငှာရမ်းခမှာ (၂) လတာအတွက် သိန်း (၈၀၀) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ကျသင့်သည့် သိန်း (၈၀၀) ကျပ်အား ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ လှူဒါန်းသွားပါ့မယ်။"

Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

"ယနေ့မှာတော့ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမှာ တည်ဆောက်နေတဲ့ စောင့်ကြည့်လူနာများထားရန် Tent တစ်လုံးစာ သိန်း (၂၀၀) ကျပ်အား ကနဦးအလှူအဖြစ် ရန်ကုန်ဆေးရုံအုပ်ကြီးအား လှူဒါန်းခဲ့ပါတယ်။ ထပ်မံပြီး လိုအပ်နေသော Tent များအား ဆက်လက်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ပါသဖြင့် ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပါတယ်။ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအတွက် စားသောက်ရေးအတွက်လည်း လှူဒါန်းချင်တာမို့ အလှူရှင်များအားလုံးကိုလည်း ထပ်မံနှိုးဆော်ပါရစေ။ခေတ်သစ်ဖောင်ဒေးရှင်း ရဲ့ အလှူရှင်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။Trezaတို့တွေ အများအားနဲ့ နိုင်သလောက် ဝိုင်းဝန်းကူညီကြရအောင်"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

Source&Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။