ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး နန်းသူဇာကတော့ ချိုသာတဲ့ အသံလေးနဲ့ ရင်ခုန်ချင်စရာ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပြီး ပရိသတ်တွေအားပေးချစ်ခင်မှုကို တစ်ခဲနက် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နန်းသူဇာကတော့ အမြဲရွှင်ပြုံးနေတဲ့ မျက်နှာပုံစံလေးကြောင့် ပရိသတ်တွေချစ်ခင်နှစ်သက်ကြတဲ့ ပြည်သူချစ်အနုပညာရှင်လေးဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။

Photo credit - Nan Thuzar 's FB page
Photo credit - Nan Thuzar 's FB page

သူမရဲ့ သီချင်းလေးတွေကလည်း ဆယ်ကျော်သက် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။ သူမကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူလေးဖြစ်ပြီး ယခုမှာလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့မှန်မှန် လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။

Photo credit - Nan Thuzar 's FB page
Photo credit - Nan Thuzar 's FB page

ယနေ့မှာလည်း သူမကိုယ်တိုင်လိမ်းခြယ်ထားတဲ့ Makeup lookလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေအပြင် " Peachy မက်မွန်သီးလေးပါ OS ကနေ ပျင်းပျင်းနဲ့ လျောက်မှာထားတဲ့ Makeup အသစ်တွေရောက်တော့လဲ အလှပြင်ကြည့်တာပေါ့ ဘယ်မှမသွားရတော့လဲ Selfie လေးပဲရိုက်ရင်းကျေနပ်လိုက်ရတာပေါ့လေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ 

Photo credit - Nan Thuzar 's FB page
Photo credit - Nan Thuzar 's FB page
Photo credit - Nan Thuzar 's FB page
Photo credit - Nan Thuzar 's FB page

Photo credit - Nan Thuzar 's FB page 

Source  - Nan Thuzar 's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။