အဆိုတော်မလေး ချယ်ရီသင်းကတော့ "ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အသံပါဝါအားကောင်းတဲ့ ချယ်ရီသင်းက တစ်မူထူးခြားတဲ့သီဆိုဟန်လေးတွေနဲ့ နားဆင်သူပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ သီချင်းအသစ်တွေကို ဆက်တိုက်ဖန်တီးနေတဲ့ ချယ်ရီသင်းက " သတိထား၊ မလို့ပဲခေါ်" စတဲ့သီချင်းလေးတွေနဲ့လည်း နာမည်ပိုရလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Cherry Thin's FB Acc
Photo Credit-Cherry Thin's FB Acc
Photo Credit-Cherry Thin's FB Acc

ချယ်ရီသင်းရဲ့သီချင်းတွေ တော်တော်များများကလည်း လူငယ်ပရိသတ်တွေကြားမှာ အမြဲတမ်းလိုလို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ချယ်ရီသင်းက အသံကောင်းသလို ရုပ်ရည်ချောမောလှပသူလေးလည်းဖြစ်တာကြောင့် ပုရိသတွေက သူမကို ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ် ။ သူမရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ပုံမှန်မျှဝေပေးနေတဲ့ ချယ်ရီသင်းက အခုလည်း မြန်မာပြည်သိန်းတန်တို့စုံတွဲနဲ့ ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Cherry Thin's FB Acc
Photo Credit-Cherry Thin's FB Acc
Photo Credit-Cherry Thin's FB Acc

ချယ်ရီသင်းက "ဦးသိန်းတန်မှာ အန်တီနုနန္ဒာသန်းရှိတယ် မင်းမှာဘယ်သူရှိလဲ" ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။ချယ်ရီသင်းကတော့ မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံနဲ့ ဆုံတွေ့တဲ့အချိန်လေးမှာ ပျော်ပျော်ပါးပါး ဓာတ်ဖမ်းခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချယ်ရီသင်းနဲ့ မြန်မာပြည်သိန်းတန်တို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Cherry Thin's FB Acc

Photo Credit-Cherry Thin's FB Acc
Photo Credit-Cherry Thin's FB Acc
Photo Credit-Cherry Thin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။