မင်းသမီးချောလေးစိုးပြည့်သဇင်ကတေ့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit: Soe Pyae Thazin ' s facebook page
Photo Credit: Soe Pyae Thazin ' s facebook page

ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ 

Photo Credit: Soe Pyae Thazin ' s facebook page
Photo Credit: Soe Pyae Thazin ' s facebook page

သူမကတော့ ယခုမှာ နှုတ်ခမ်းလေးစူပြီး အသည်းယားစရာအမူအရာလေးနဲ့ ချွဲချွဲပျစ်ပျစ်​လေးပြောကာ သရုပ်ဆောင်ထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ အပီအပြင်သရုပ်ဆောင်ထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးစိုးပြည့်သဇင်ရဲ့ ချစ်စရာ​ကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source :Soe Pyae Thazin ' s facebook page 

Photo Credit: Soe Pyae Thazin ' s facebook page
Photo Credit: Soe Pyae Thazin ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။