ပရိသတ်ကြီးရေ.. သီချင်းကောင်းလေးတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်သလို အမိုက်စားသီချင်းလေးတွေကိုလည်း ကိုယ်တိုင်ဖန်တီးရေးစပ်တတ်သူလေးကတော့ အဆိုတော်မလေး ပိုပိုပါပဲ..။

ဂီတအနုပညာပိုင်းမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေ ရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးထားတဲ့ ပိုပိုကတော့ အခြားအနုပညာပိုင်းတွေမှာလည်း ထူးချွန်သူလေးပါနော်..။

Photo Credit - ပိုပို Fb Page
Photo Credit - ပိုပို Fb Page
Photo Credit - ပိုပို Fb Page

အခုတစ်ခါမှာလည်း ပရိသတ်အချစ်တော်လေး ပိုပိုတစ်ယောက် Stay Home ကာလလေးမှာ အိမ်မှာနေရင်း လက်မှုပညာလေးတွေနဲ့ သူမကိုယ်တိုင် နားဆွဲလေးတွေ လုပ်နေပါတယ်နော်..။

သူမကိုယ်တိုင်လုပ်တဲ့ ပထမဆုံးလက်မှုပညာနားဆွဲလေးတွေကို ပရိသတ်တွေကို ဝေမျှထားပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပိုပိုက ဝေမျှထားပါသေးတယ်..။

Photo Credit - ပိုပို Fb Page
Photo Credit - ပိုပို Fb Page
Photo Credit - ပိုပို Fb Page

"ပို့ရဲ့ ဒီမနက် လုပ်ဖြစ်တဲ့ အကြောင်းလေး

မျှဝေချင်ပါတယ်

ကဲ နားဆွဲလေး တွေ့လား ??

အဲ့ဒါလေးက ပိုပို ကိုယ်တိုင် လက်နဲ့ လုပ်ထားတဲ့

ပထမဆုံး လက်မှူ ပညာ နားဆွဲ လေးပါ

ရောင်းရင်ကောင်းမလား????

ဘယ်လိုလို ဖြစ် ဖြစ် ပိုကတော့

အရမ်း ပျော်နေပါတယ်ရှင့်

Covid က အတွေအကြုံအသစ်တွေ ရစေပါတယ်

ပရိသတ်တွေလဲ အပျင်းပြေ လက်မှူပညာလေးတွေ လုပ်ရင်း စာတွေ ဖတ်ရင်း အပင်စိုက်ရင်း

အချိန်ကုန် ကြပါစေရှင့်.." ဆိုပြီး ပိုပိုက ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ချစ်စရာကောင်းတဲ့ ပိုပိုရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - ပိုပို Fb Page
Photo Credit - ပိုပို Fb Page
Photo Credit - ပိုပို Fb Page

Source & Photo Credit - ပိုပို Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။