Photo credit - EHOME weibo

China region က dota 2 teams တွေ roster ပြောင်းလဲနေကြချိန်မှာ EHOME ကလည်း season သစ်မစခင်လေးမှာပဲ သူတို့ရဲ့ roster တစ်ခုလုံးကိုပြောင်းလဲခဲ့ပါတယ်။

EHOME ကတော့ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးနေတဲ့ Faith_bian , y' နဲ့ coach ဖြစ်သူ xiao8 တို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့သလို စာချုပ်သက်တမ်း ရှိနေသေးတဲ့ NothingToSay နဲ့ XinQ တို့ကိုလည်း PSG.LGD မှာ အငှားသွားရောက်ကစားစေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ EHOME ဟာ PSG.LGD ကနေ Chalice နဲ့ xNova တို့ကို အငှားအနေနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး free agents ဖြစ်နေတဲ့ Sccc, Xm နဲ့ Yif တို့ကိုပါ ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် EHOME ရဲ့ လက်ရှိ dota 2 roster အပြည့်အစုံကတော့

Po 1- Sccc

Po 2- Xm

Po 3- Chalice

Po 4- Yif

Po 5- xNova

Coach - Yao

တို့ပဲ ဖြစ်ပါတယ်။

EHOME အသင်းရဲ့ အရင် carry player ဖြစ်သူ Sylar ကတော့ အသင်းနဲ့စာချုပ်သက်တမ်းရှိနေသေးပေမယ့်လည်း active player စာရင်းမှာတော့ ပါဝင်လာမှာ မဟုတ်တော့ပါဘူး။

Source -EHOME weibo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။