ပရိသတ်ကြီးရေ တက်သစ်စမင်းသမီးချောလေး မြတ်သူသူ ကတော့ အနုပညာလမ်းကြောင်းကို အ​ကောင်းဆုံးလျှောက်လှမ်းလာခဲ့ကာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေထဲမှာလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ဒါ့အပြင် လတ်တလော MRTV - 4 မှာထုတ်လွှင့်ပြသနေတဲ့ " တို့မမနဲ့....တို့ " ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

မင်းသမီးချောလေး မြတ်သူသူ က တမူထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကိုပိုင်ဆိုင်ထားကာ ချစ်စရာကောင်းတဲ့ သူပဲဖြစ်ပါတယ်။ ယခုမှာတော့ မင်းသမီးချောလေး မြတ်သူသူ က ပရိသတ်အတွက် ချစ်စရာကောင်းလောက်မယ့် သူမရဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ မြတ်သူသူ က ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးအပြင် အသည်းယားစရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

ဒီပုံလေးတွေနဲ့လည်း မြတ်သူသူ က "အသန်းဘဝမှာ ဖြစ်သင့်တာထက် ဖြစ်ချင်ရာတွေလုပ်ခဲ့မိလို့ အသည်းလည်း ခဏခဏကွဲခဲ့ရပါပြီ တစ်ဦးတစ်ယောက်ပေါ်မူတည်ပြီး ပျော်ရွှင်ရမယ့်ဘဝထက်ကိုယ်တိုင်ပဲပျော်ရွှင်မှုရဖို့ အသန်းဆုံးဖြတ်လိုက်ပါပြီ အဆင်လေးတွေ လာမမန့်ကြပါနဲ့တော့ယူတို့မမစိတ်မခိုင်မဖြစ်ရအောင် ကူညီကြပါ " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်တွေလည်း အသည်းယားစရာအမူအရာလေးတွေနဲ့ ချစ်အားပိုအောင်ဖမ်းစားထားတဲ့ မြတ်သူသူရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

Photo Credit - Myat Thu Thu fb page

Source - Myat Thu Thu fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။