ပရိသတ်ကြီးရေ.. ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော ဆုကဗျာကိုတော့ ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်တော့ပါဘူးနော်..။

သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပြည်သူပရိသတ်တွေက ချစ်ခင်အားပေးကြသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည်ဝပြီး ချစ်စရာကောင်းသလို စီးပွားရေးအဖြစ် ရတနာရွှေဆိုင်ကိုလည်း ဖွင့်လှစ်ထားသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Hsu Paing Win's Fb Account
Photo Credit - Hsu Paing Win's Fb Account

ဆုကဗျာကတော့ အနုပညာအလုပ်တွေကို လုပ်ဆောင်ရင်း ရင်းနှီးခဲ့တဲ့ သရုပ်ဆောင်ဆောင်းအိန္ဒြာထွန်းနဲ့ ခင်မင်မှုလေးတွေကို ပြောပြလာပြီး မကြာခင်ရိုက်ကူးတော့မယ့် ဇာတ်ကားမှာလည်း ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်တွေ မြင်တွေ့ရမယ့်အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

မမဆောင်းနဲ့ သူမတို့ကတော့ အရင်ကကိုလိုနီခေတ်ကားတွေ ရိုက်ကတည်းက ဇာတ်ကားတွေရိုက်ရင်းဆုံတာများပြီး ခင်ခဲ့ကြတာဖြစ်ပြီး သူမရဲ့ရတနာဆိုင်လေးအတွက်လည်း မမဆောင်းကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Hsu Paing Win's Fb Account
Photo Credit - Hsu Paing Win's Fb Account

ဆုကဗျာကတော့ သူမအနေနဲ့ ဗီလိန်ဇာတ်ရုပ်ကို ရိုက်ရတာကလည်း ပရိသတ်တွေမုန်းမှာကြောက်လို့ ဘယ်သူမှ မရိုက်ချင်တဲ့ ဇာတ်ရုပ်ဖြစ်တာမို့ စိတ်ခေါ်မှုတစ်ခုအနေနဲ့ ရိုက်ချင်လို့ကို ရွေးရိုက်တဲ့အကြောင်းလေးတွေကို ပြောပြထားပါတယ်နော်..။

ဗီလိန်ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေလူသိများကြတဲ့ ကိုလူကြမ်းအဖွဲ့ထဲမှာ စိတထားနူးညံ့တဲ့လူတွေရှိကြသလို အန်တီခင်မို့မို့အေးဆိုရင်လည်း အပြင်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အကြောင်းလေးတွေလည်း ပြောပြထားသေးတဲ့ ဆုကဗျာရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Hsu Paing Win's Fb Account

Photo Credit - Hsu Paing Win's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။