မထက်လို့ဆိုလိုက်တာနဲ့ မှော်ဆန်တဲ့မိတ်ကပ်ဖန်တီးမှုလေးတွေနဲ့ လူတိုင်းကို အလှတွေတိုးစေပြီး မိတ်ကပ်ပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ထိပ်တန်းကနေ ရပ်တည်နေတဲ့ ပြည်သူ့အချစ်တော်လေးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

မိတ်ကပ်လောကမှာ အောင်မြင်မှုတွေရရှိထားကာ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့အပြင် Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားနိုင်ပါသေးတယ်နော်..။

Photo Credit – Ma Htet’s Fb Account
Photo Credit – Ma Htet’s Fb Account

မထက်ကတော့ အခုလို ပြည်သူပရိသတ်တွေအားလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ Covid ကာလမှာ သူမရဲ့ စီးပွားရေးအခြေအနေလေးတွေကို ရယ်ရယ်မောမောနဲ့ အရွှန်းဖောက်ကာ ပြောပြလာပါတယ်နော်..။

“Covid ကာလ စီးပွားရေးအခြေအနေကတော့ အစ်မက အရမ်းမစိုးရိမ်တော့ဘူး တောင်းစားရရင် တောင်းစားရပါစေ အဲ့လိုဖြစ်သွားပြီ ဘဝက အရမ်းစိတ်ညစ်တယ်တော် ဈေးရောင်းမလားဆိုပြီး သူငယ်ချင်းတွေကို တိုင်ပင်တဲ့အခါ မလုပ်ဖို့ ပြောကြလို့ စိတ်လျှော့လိုက်တယ် ကိုဗစ်ပထမတစ်ခေါက်တော့ ပြီးသွားတယ် အခု ဒုတိယတစ်ခေါက်ကတော့စပြီ လက်ထဲမှာတော့ အများကြီး မရှိဘူး ဒါပေမယ့် စိတ်လျှော့လိုက်တယ် မရှိတော့လည်း ရှိတာပေါ့ ဆန်ပြုတ်ပဲ ပြုတ်စားရစားရ ဘာစားရစားရပေါ့ဆိုပြီး အဲ့လိုပဲ နေလိုက်တော့တယ် အရမ်းမပူတော့ဘူး..” ဆိုပြီး အရွှန်းဖောက် ပြောပြထားတာပါနော်..။

Photo Credit – Ma Htet’s Fb Account
Photo Credit – Ma Htet’s Fb Account

“ကိုယ့်ထက်အခြေအနေဆိုးတဲ့လူတွေ အများကြီးရှိတယ် ဒါပေမယ့် တစ်လတစ်လ မီးတာခလာမှာကိုတော့ ကြောက်တယ် ဆိုင်ခန်းဖိုးတွေ အိမ်ဖိုးတွေ အားလုံးကို လေးငါးသိန်း ကိုယ်ပေးရတာဆိုတော့ အဲ့ဒါမျိုးတော့ ကြောက်တယ် မီတာခက လျှော့တာသာလျှော့တာ ကျတာကတော့ ကျနေတာပဲ တစ်ခါတစ်ခါ လေးငါးသိန်းဆိုတော့ စိတ်ညစ်တာပေါ့ ဒါပေမယ့် သွားပြောလည်း ဘာမှမထူးဘူး ဟုတ်တယ်ဆိုတော့ ဒီတိုင်းပဲနေကြရတာဆိုတော့ ဒီလိုပဲပေါ့ တစ်နိုင်ငံလုံး ခံစားရတဲ့ဒုက္ခဆိုတော့ မီးလာနေတာပဲ ကျေးဇူးတင်နေရသေးတာပေါ့..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. Covid ကြောင့် ကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲလေးတွေကို ပြောပြထားပြီး Tik Tok လေးတွေ ရိုက်ကူးဖြစ်တဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ မထက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Ma Htet’s Fb Account
Photo Credit – Ma Htet’s Fb Account

Photo Credit – Ma Htet’s Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။