ပရိသတ်ကြီးရေ မင်းသမီးချောလေး မအေးသောင်းကတော့ ရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မအေးသောင်းက အသက်သုံးဆယ်ကျော် အရွယ် မင်းသမီး တစ်ယောက်လို့ ထင်ရက်စရာမရှိပဲ နုပျိုလှပနေသူဖြစ်လို့ ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦး ပဲ ဖြစ်ပါတယ်။ မအေးသောင်းက ကိုယ်ခန္ဓာအချိုးအစားပြေပြစ်လှပပြီး မြန်မာဝတ်စုံလေးတွေကိုသာ ဝတ်ဆင်တတ်သူပါ.....။

Photo credit - Aye wutyi Thaung's Facebook Page
Photo credit - Aye wutyi Thaung's Facebook Page

မအေးသောင်းက လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေစေရန်အတွက် သူမရဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတစ်ဆင့် မျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ ယခုမှာလည်း မအေးသောင်းက မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ အကျီအစိမ်းရောင်လေးနဲ့ ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်....။

Photo credit - Aye wutyi Thaung's Facebook Page
Photo credit - Aye wutyi Thaung's Facebook Page

ပုံလေးတွေက ချစ်စရာကောင်းလွန်းတဲ့အပြင် "ကိုယ်မရှိတဲ့အခါ မနက်စာအချိန်မှန်စားပါ ရေများများသောက်ပါ ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ အချိုတွေလျော့စားပါ လေ့ကျင့်ပုံမှန်လုပ်ပါ ညဘက်အိပ်ရေးပျက်မခံပါနဲ့ ကိုယ်လည်းအဲ့လိုနေပါ့မယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ မအေးသောင်းရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်....... ။

Photo credit - Aye wutyi Thaung's Facebook Page

Photo credit - Aye wutyi Thaung's Facebook Page 

Source - Aye wutyi Thaung's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။