ပရိသတ်ကြီးရေ.. အနုပညာလောကထဲကို မကြာသေးမှီကမှ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့တစ်ခဲနက် အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ မော်လ်ဒယ် သရုပ်ဆောင် ချမ်းမီမီကိုပဲ ဖြစ်ပါတယ်နော်..။

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ ပုရိသတွေရဲ့ အသည်းကျော် မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိလည်း ပရိသတ်တွေရင်ထဲ နေရာယူထားနိုင်ဆဲပါပဲနော်..။

Photo Credit – Chan Me Me Ko’s Fb Page
Photo Credit – Chan Me Me Ko’s Fb Page

အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်လာပြီဖြစ်တဲ့ ချမ်းမီမီကိုကတော့ ပြီးခဲ့တဲ့နှစ်တွေက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီး တရားဘောင်မှာ တရားအလုပ်တွေလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်နော်..။

တရားအလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ခဲ့တဲ့အချိန်က တရားထောက်တွေနဲ့ ယောဂီတွေရဲ့ ဝေယျာဝစ္စတွေအပြင် သူများမလုပ်ချင်တဲ့အလုပ်တွေ လုပ်ခဲ့တဲ့အကြောင်းလေးတွေကို ချမ်းမီမီကိုက ပြောပြထားတာပါ..။

Photo Credit – Chan Me Me Ko’s Fb Page
Photo By Myanmarload

“ချမ်းမီက တရားထောက်တော့ မလုပ်ဘူး ပညာသင်ယူနေဆဲဖြစ်တဲ့အတွက် တရားထောက်တွေရဲ့ ဝေယျာဝစ္စတွေ လိုက်လုပ်ပေးတယ် ယောဂီတွေရဲ့ ဝေယျာဝစ္စတွေ လိုက်လုပ်ပေးတယ် သူများမလုပ်တဲ့အရာတွေကို လိုက်လုပ်တယ် နောက်ဆုံးယောဂီတွေရဲ့ ကျန်းမာရေးကအစ အကုန်လုံးကို လုပ်ပေးတယ် အဲ့ဒါကြောင့်လည်း သူတို့က ချစ်ကြတယ် ဘာလို့အဲ့လိုလုပ်လဲဆိုတော့ ပါရမီကုသိုလ်ယူလိုက်တာပါ သူများမလုပ်တဲ့အလုပ် သူများရွံ့ရှာတဲ့အလုပ်ကို လုပ်လိုက်တာပါ..” ဆိုပြီး သူမက ပြောပြထားတာပါ..။

တရားအလုပ်လုပ်ခွင့်ရလို့ ကြည်နူးမိပြီး တရားဓမ္မနဲ့ ကျင့်ကြံပြီးနေရတာက ထီပေါက်သလိုဖြစ်ကာ အကျိုးလည်းရှိသလို အေးချမ်းပြီး တန်ဖိုးမဖြတ်နိုင်တဲ့ရလာဒ်တွေ အများကြီးရတယ်ဆိုပြီး ပြောပြထားတဲ့ ချမ်းမီမီကိုရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo Credit – Chan Me Me Ko’s Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။