ပရိသတ်ကြီးရေ.. မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီး ဆောင်းအိနြေ္ဒထွန်းကတော့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသလို သီချင်းလေးတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ မမဆောင်းကတော့ ရိုးရှင်းအေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး စကားပြောပွင့်လင်းသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit – Saung Eindaray Tun’s Fb Account
Photo Credit – Saung Eindaray Tun’s Fb Account

ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးစောင့်ကြည့်မှုတွေကို ရရှိထားတဲ့ မမဆောင်းဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကျော်ကျော်နန္ဒနဲ့ ခင်မင်တဲ့အကြောင်းလေးတွေနဲ့ ဖက်ရှင်ပိုင်းမှာ အကြံပေးဖြစ်တဲ့ အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

ကျော်ကျော်နန္ဒနဲ့က ငယ်ငယ်ကတည်းက ခင်မင်ခဲ့ကြတာဖြစ်ပြီး ကျော်ကျော်နန္ဒရဲ့ သီချင်းလေးတွေမှာလည်း သရုပ်ဆောင်ပေးဖြစ်ကာ ဖက်ရှင်ပိုင်းမှာလည်း သရုပ်ပျက်တာတွေ မလုပ်ဖို့ အကြံပေးဖြစ်တဲ့အကြောင်းလေးတွေ ပြောပြလာတာ ဖြစ်ပါတယ်..။

Photo Credit – Saung Eindaray Tun’s Fb Account
Photo Credit – Saung Eindaray Tun’s Fb Account

“ရိုးရာယဉ်ကျေးမှုကို အလွန်အကျူးလုပ်တာတော့ အစ်မလည်း အားမပေးပါဘူး အဲ့ဒါမျိုးတွေဆို မလုပ်ဖို့ တိုက်တွန်းတယ် သရုပ်ပျက်သွားတာတွေတော့ မကောင်းဘူးဆိုပြီး အကြံပေးဖြစ်တာတော့ ရှိတယ် ပုံမှန်တော့ ပြဿနာမရှိဘူး ရိုးရာယဉ်ကျေးမှုကို ထိခိုက်ရင် ပရိသတ်တွေက မရဘူးလေ အစ်မလည်း ကြုံတော့ တောင်းပန်ပါတယ် ဆရာမဝတ်စုံကို ဝယ်လိုက်တဲ့အချိန်မှာ ပို့စ်ပေးတာ အနောက်ကို ပိုပေးမိသွားတယ် အဲ့ဒါ အထင်လွဲသွားရင် တောင်းပန်ပါတယ် ..” ဆိုပြီး မမဆောင်းက ပြောပြထားတာပါ..။

လတ်တလောကာလမှာ သူများသီချင်းတွေကိုသာ သရုပ်ဆောင်ပေးဖြစ်နေပြီး လာမယ့် ဒီဇင်ဘာမှာတော့ သူမရဲ့ သီချင်းအပုဒ်(၅၀)ကို မိတ်ဆက်ပေးဖို့ ရှိတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ မမဆောင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Saung Eindaray Tun’s Fb Account
Photo Credit – Saung Eindaray Tun’s Fb Account

Photo Credit – Saung Eindaray Tun’s Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။