ပရိသတ်ကြီးရေ.. Myanmar Idol ကနေ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံချိုချိုလေးတွေနဲ့လည်း သီချင်းကောင်းလေးတွေ ထွက်ရှိထားသူကတော့ အဆိုတော်မလေး မေမဒီပဲ ဖြစ်ပါတယ်နော်..။

မေမဒီကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြပြီး ယောကျ်ားလေး မိန်းကလေးမရွေး အားလုံးက ချစ်ခင်နေကြတာပါ..။

Photo Credit - May Madi's Fb Account
Photo Credit - May Madi's Fb Account

မေမဒီကတော့ မကြာခင်ကမှာ သီချင်းအခွေအသစ်လေးကို ထွက်ရှိထားပြီး Covid ကာလအချိန်မှာ ထွက်ရှိထားတဲ့ သူမရဲ့ အခွေအသစ်လေးအပြင် နောက်ထပ်သီချင်းအသစ်လေးတစ်ပုဒ်ကိုလည်း တင်ဖို့ရှိတဲ့အကြောင်း ပြောပြလာပါတယ်နော်..။

သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေဖြစ်တဲ့ သီချင်းလေးတွေအကြောင်း ပြောပြရင်း Covid ကာလ Stay Home နေရတဲ့အချိန် အိမ်မှာနေရတာ စိတ်ပိုင်းဆိုင်ရာကအစ တော်တော်အဆင်ပြေအောင် နေနေရလို့ Covid ကို အမြန်ဆုံးပြီးစေချင်နေတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားပါတယ်နော်..။

Photo Credit - May Madi's Fb Account
Photo Credit - May Madi's Fb Account

“အစပိုင်းကာလမှာဆိုတော့ နည်းနည်းလည်း ပြန်ငြိမ်သွားတော့ ပြီးလောက်ပြီထင်တာ ပြန်ပြီးပျော်မလို့ရှိတဲ့အချိန်မှာ ထပ်ပြီး ဒုတိယအကြိမ် ပြန်ဖြစ်လာတယ်ဆိုတော့ ဘာမှန်းမသိတော့ဘူး ဘာလုပ်ရမှန်းတကယ်မသိတော့ဘူး အချိန်ဘယ်လောက်ထိကြာမလဲဆိုတာလည်း မသိတော့ဘူး အိမ်ထဲမှာနေရတာလည်း တကယ်အရမ်းကို သူများတွေက အိမ်မှာနေပါ အိမ်မှာနေပါ ပြောကြတယ် အိမ်မှာနေတာ တော်တော်ကြာလာတဲ့အခါမှာ အများကြီးထိခိုက်တယ်ပေါ့နော် စိတ်ပိုင်းဆိုင်ရာကအစ ကိုယ့်ကိုကိုယ် တော်တော်ကို အဆင်ပြေအောင် နေနေရတဲ့အချိန်မှာ ရှိတယ်ဆိုတော့ ဒါကြီးကိုလည်း မြန်မြန်ပြီးစေချင်နေပါပြီ..” ဆိုပြီး သူမက ပြောပြထားတာပါ..။

ချစ်ရတဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်လေးတစ်ပုဒ် ထပ်မံတင်ပေးဦးမယ်ဆိုတဲ့ မေမဒီလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အားလုံးပဲ သဘောကျနေကြမှာပါနော်..။

Photo Credit - May Madi's Fb Account
Photo Credit - May Madi's Fb Account

Photo Credit - May Madi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။