ချစ်ပရိသတ်ကြီးရေ...သရုပ်ဆောင် မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ဆောင်းအိန္ဒြေထွန်းကတော့ ဗီဒီယိုဇာတ်ကားတွေအပြင် သီချင်း ဗီဒီယိုတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေနဲ့ရင်းနှီးလာသူတစ်ဦးပဲဖြစ်ပါတယ်။ကြော်ငြာလေးတွေလည်း ရိုက်ကူးနေရပြီး အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိပါတယ်နော်။

Photo credit - Saung Eindaray Tun's facebook Account
Photo credit - Saung Eindaray Tun's facebook Account

သူမကို အများက ချစ်စနိုးနဲ့ "မမဆောင်း"လို့လည်း ခေါ်ဝေါ်ကြပြီး အပြောအဆိုပွင့်လင်းဖော်ရွေပြီး စိတ်ထားလေးကလည်း ဖြူစင်တာ​ဖြစ်လို့ ပရိသတ်တွေကချီးကျူး အချစ်ပို​နေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မမဆောင်းက အလှူတွေဆိုလည်း လက်မနှေးပဲ တက်စွမ်းသလောက် အလှူပြုလေ့ရှိတာဖြစ်လို့ အလှူရေစက် လက်နဲ့မကွာသူလေးပါနော်။ ရိုးရိုးရှင်းရှင်းနေတတ်ပြီး စိတ်သဘောထားပြည့်ဝလို့ သူမကို လူတိုင်းကချစ်ခင်နေကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Saung Eindaray Tun's facebook Account
Photo credit - Saung Eindaray Tun's facebook Account

ယနေ့မှာတော့ မမဆောင်းက သူမရဲ့ ကိုယ်ခန္ဓာ အလှတရားကို ပိုမိုပေါ်လွင်စေတဲ့ အပြာရောင် မြန်မာဝတ်စုံလေးနဲ့ ရိုးယဥ်စွာလှနေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ မမဆောင်းရဲ့ ပုံရိပ်လေးတွေက ကြည့်မိသူပရိသတ်တိုင်း ရင်ဖိုစေမိမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ဒါ့အပြင် ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။ 

Photo credit - Saung Eindaray Tun's facebook Account
Photo credit - Saung Eindaray Tun's facebook Account

Source & Photo credit - Saung Eindaray Tun's facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။