မင်းသမီးချောလေးပိုးအိအိခန့်ကတော့ ကြည်နူးစရာ​ကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ချစ်ခင်ပွန်းအောင်သူနဲ့အတူ တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမတို့မိသားစုလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ သူမကတော့ယခုမှာ ချစ်ခင်ပွန်းအောင်သူကိုယ်တိုင်ရေးပေးထားတဲ့ သီချင်းလေးကို သီဆိုပြီး ပျော်ရွှင်ကြည်နူးနေခဲ့ပါတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Amazing Grace

သူမကတော့ "ဒီဗီဒီယိုလေးကို မကြည့်ခင် ကျွန်မတို့ လင်မယားနှစ်ယောက်ကို နားလည်ပေးပါလို့ အရင်ပြောချင်ပါတယ်ရှင်သားလေး ဖေဖေသည် တေးရေးဆရာမဟုတ်သလို ကျွန်မသည်လည်း အဆိုတော်မဟုတ်ပါရှင်သားကိုချစ်တဲ့စိတ်နဲ့ သူ့ဖေဖေ ကိုလူအေးကြီးက ရင်ထဲရှိတဲ့စကားလုံးလေးတွေကို သီချင်းအဖြစ် ရေးဖွဲ့ထားတာကို ကျွန်မကလည်း မတောက်တခေါက်လေးအကြမ်းလေးဆိုထားတာပါမမှန်တာတွေလည်း ရှိနိုင်သလို မှားတာတွေလည်း ဖြစ်နိုင်ပါတယ် (မှန်တာဆိုလို့ ရင်ထဲက ခံစားချက်လေးတစ်ခုထဲပါ) "ဆိုပြီးရေးသားထားပါတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account

သူမကတော့ " သီချင်းလေးကလည်း သူ့ဖေဖေ ရေးထားတာ တစ်ပုဒ်လုံးမရေးရသေးပါဘူး ရေးနေတုန်း ရသလောက်စာကြောင်းလေးတွေကို ဆိုထားတာပါရှင်သီချင်းတစ်ပုဒ်ရယ်လို့ မဆိုသာသေးသလို ကျွန်မဆိုတာလည်းမကောင်းပါဘူးရှင်ဒါပေမယ့် သားငယ်ငယ်ကအမှတ်တရလေးမို့ ယောကျာ်းကိုလည်း လွမ်းလို့ (အမှတ်က ဝင်ဝင်ယူတာအကျင့်ကိုဖြစ်နေပြီ) တင်လိုက်တာပါ ဒီထဲမှာ အဆိုတော်က ကျွန်မသားလေးပါ သူကကျွန််မထက် အသံပိုအောင်နေလို့ပါ "ဆိုပြီးရေးသားထားပါတယ်။ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်ရဲ့ အဆိုပါဗီဒီယိုလေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source - Thwin Oo Han ' s facebook page 

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။