မိခင်ဖြစ်သူရဲ့ ဂီတအမွေတွေကို အပြည့်အဝရရှိထားကာ ဂီတလောကမှာလည်း နေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားသူကတော့ အဆိုတော်မလေး ရတနာမိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပြီး မိုင်လေးရဲ့ အမူအရာလေးတွေကလည်း ပရိသတ်တွေကို ချစ်မဝဖြစ်စေတဲ့ အဓိက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ မိုင်လေးရဲ့ အသံလေးဟာလည်း နားဆင်သူတိုင်းကို အခါခါနားထောင်ချင်​လောက်အောင်ကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

Photo Crd- Yadanar My’s Facebook Page
Photo Crd- Yadanar My’s Facebook Page
Photo Crd- Yadanar My’s Facebook Page

သူမဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို မကြာခဏ တင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ရတနာမိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Yadanar My’s Facebook Page
Photo Crd- Yadanar My’s Facebook Page

ဒါကတော့ ချစ်စရာကောင်းတဲ့ ကကွက်လေးတွေနဲ့ အမိုက်စားကနေတဲ့ ရတနာမိုင်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ မိုင်လေးကလည်း " ဟိုတုန်းကခရီးထွက်သီချင်းဆိုနေရတော့မအားလို့မဆော့ဖြစ် အခု Stay home ပြီဆိုတော့ Covid ကြောင့် စိတ်ညစ်ညစ်နဲ့လျှောက်ဆော့ကြည့် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူတိုင်း အချစ်ပိုသွားစေမယ့် ရတနာမိုင်ရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Yadanar My’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။