ချစ်ပရိသတ်ကြီးရေ...အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားတဲ့ နှစ်ထပ်ကွမ်းအကယ်ဒမီသရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မြန်မာပြည်သူပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေး တစ်ဦးပါပဲနော်။ ပရိသတ်တွေကတော့ ရွှေကစ်လို့လည်း ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း အစဉ်အမြဲအားပေးဝန်းရံနေကြတာပါ။ ရွှေကစ်ကလည်း ပြည်တွင်းမှာသာမက ပြည်ပအထိပါအောင်မြင်ကျော်ကြား‌တာဖြစ်ပါတယ်။ 

Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page

လတ်တလောမှာဆိုရင်တော့ ရွှေကစ်လေးက Covid19ကူးစ​က်မှုရောဂါတွေကြောင့် အိမ်ထဲမှာပဲနေပြီး အနုပညာအလုပ်တွေကိုလည်းခေတ္တရပ်နားထားတာဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ အိမ်ထဲမှာပဲ အေးအေးချမ်းချမ်းနေထိုင်နေကာ ပရိသတ်တွေမလွမ်းရအောင်လို့လည်း သူမရဲ့ပုံရိပ်လေးတွေကို သူမရဲ့pageမှာ တင်ပေးနေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း သဘာဝအလှလေးနဲ့အရမ်းချစ်စရာကောင်းနေတဲ့ပုံရိပ်အဟောင်းလေးတွေကို တင်ပေးလာတာပါနော်။

Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page

လှပတဲ့ သူမရဲ့ ပေါင်တန်သွယ်သွယ်လေးတွေကို ပေါ်လွင်စေတဲ့ ဖက်ရှင်လေးနဲ့ အမိုက်စားပိုစ့်ပေးထားတဲ့ ပုံလေးတွေအပြင် " Stay home ကာလကနေ ကျော်လွန်တဲ့အခါ အခုလိုမျိုး ခရီးတွေအများကြီးထွက်ပြီးတော့ သဘာဝရဲ့အလှအပတွေနဲ့ လွတ်လပ်မှုတွေကို ခံစားချင်ပါသေးတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.။ ကစ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။ 

Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page
Photo credit - Wutt Hmone Shwe Yi's FB page

Source & Photo credit - Wutt Hmone Shwe Yi's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။