ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အချိန်တိုအတွင်း သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။  ခေးဆက်သွင်ဟာ    ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် နာမည်ကြီး ရေပန်းစားလာတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အနေအေးပြီး လူတိုင်းအပေါ်ကို ကူညီချင်တဲ့ စိတ်လေးကလည်း ပရိသတ်တွေအားကျနေရတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Page
Photo Crd- Khay Sett Thwin’s Facebook Page
Photo Crd- Khay Sett Thwin’s Facebook Page

ခေးဆက်သွင်ရဲ့ ခန္ဓာကိုယ်အချိုးအစားလေးကလည်း  အပြစ်ပြောစရာမရှိအောင်ကို သွယ်လျလှပပြီး မြင်သူတိုင်း ငေးမောရအောင်ကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။ အားလပ်ရက်များမှာလည်း ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး မုန့်လုပ်စားလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခေးဆက်သွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Page
Photo Crd- Khay Sett Thwin’s Facebook Page
Photo Crd- Khay Sett Thwin’s Facebook Page

ဒါကတော့ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ လတ်တလော Tik Tok မှာ ခေတ်စားနေတဲ့ သီချင်းလေးတွေနဲ့ အပီဒွန့်ထားတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် ၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်းသုံးယောက်ဟာ အမြဲတမ်း ချစ်ချစ်ခင်ခင်ရှိကြပြီး မြင်ရသူတိုင်း အားကျရတဲ့ Friendship မျိုးကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khay Sett Thwin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။