ဒါရိုက်တာ၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခင်လှိုင်ရဲ့သားနဲ့သမီးကလည်း အနုပညာလမ်းကြောင်းပေါ်ကို ‌လျှောက်လှမ်းနေတာဖြစ်လို့ ခင်လှိုင်ကတော့ ကလေးနှစ်ယောက်ကို အစွမ်းကုန်ပံ့ပိုးပေးနေတာပါနော်။နေရဲနဲ့သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်ကိုလည်း ပရိသတ်တွေကချစ်ကြလို့ သူတို့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အားပေးကြပါတယ်။

Photo Credit:Thazin Htoo Myint's Facebook Account
Photo Credit:Thazin Htoo Myint's Facebook Account
Photo Credit:Khin Hlaing's Facebook Account

သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူရိုက်ကူးနေတဲ့ "ဆိုးပေ"ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။သဇင်ထူးမြင့်က လိမ္မာရေးခြားလည်းရှိပြီး မိဘစကားကို နားထောင်တဲ့သူပါနော်။ခင်လှိုင်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ သိုက်သိုက်ဝန်းဝန်းရှိကြလို့ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ခင်လှိုင်တို့မိသားစုထဲကို မိသားစုဝင်အသစ်လေး ထပ်တိုးလာတာဖြစ်ပါတယ်။

Photo Credit:Khin Hlaing's Facebook Account
Photo Credit:Thazin Htoo Myint's Facebook Account Myday
Photo Credit:Khin Hlaing's Facebook Account

ခင်လှိုင်ကတော့"ဘိုးဘိုး ဘွားဘွားတို့ရဲ့ အသည်းကိုကိုင်လှုပ်မယ့်ဒုတိယမြေးမလေးရွှေခေတ် . ၁၆.၉.၂၀၂၀ ..ညနေ ၆:၂၀ ရာဟုသမီးလေးဘိုးဘိုးတို့မိသားစုအားလုံးကနွေးထွေးစွာကြိုဆိုပါတယ်ချစ်မြေးမလေးရွှေခေတ်ရေ"ဆိုပြီး ရေးသားထားသလို သဇင်ထူးမြင့်ကလည်း"ဒီနေ့ပဲ အဒေါ်ရာထူး ထပ်ဆင့်တိုးပါတယ်...အမယ်လေး တီတီ့အတိုင်း ပါးဖောင်းလေးတွေ့ချင်လိုက်တာ ရွှေခေတ်လေးရယ်... ရွှေပိုး၊ရွှေနှစ်၊ရွှေခေတ် သုံးယောက်ပေါင်းပြီး ဒီတီတီအသဲကိုခြွေတော့မယ်....အရမ်းတွေ့ချင်နေပြီမီးလေးရေ....တူမချောလေးကိုမွေးပေးတဲ့ အစ်မတစ်ယောက်လိုသဲအပေါ်အမြဲကောင်းတဲ့ ယောင်းယောင်းလေးကိုကျေးဇူးပါ"ဆိုပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Thazin Htoo Myint's Facebook Account
Photo Credit:Khin Hlaing's Facebook Account
Photo Credit:Thazin Htoo Myint's Facebook Account

Source&Photo Credit:Khin Hlaing &Thazin Htoo Myint's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။