အရောင်းမြှင့်တင်ဖို့အတွက် အပေါ်ပိုင်း ဗလာကျင်းပြီး ရောင်းခိုင်းတဲ့ ကျောက်မျက်ကုမ္ဗဏီ

တရုပ်နိုင်ငံက Chow Luk Fook ဆိုတဲ့ကျောက်မျက်ကုမ္မဏီဟာ

တရုပ်နဲ့ဟောင်ကောင်သာမက အခြားနေရာတွေမှာလည်း

ဆိုင်ခွဲတွေ အမြောက်အများရှိပါတယ်။

၂၀၁၃ ခုနှစ် Shenzhen မှာဆိုင်သစ်ဖွင့်တုန်းက

အရောင်းမိန်းကလေးများအပေါ်ပိုင်းကို

ဆေးရောင်စုံခြယ်သပြီး အရောင်းမြှင့်တင်ခဲ့ဖူးတယ်။

ခုလည်း အရောင်းမြှင့်တင်တဲ့ပရိုမိုးရှင်းရက်မှာ

စိန်အရောင်းမိန်းကလေးကို အပေါ်ပိုင်းဗလာနဲ့ရောင်းချစေတယ်။

ရင်သားနေရာသာ စိန်ပုံစတစ်ကာလေးဖုံးပေးထားတယ်။

ကောင်တာနောက်ရပ်နေတဲ့မိန်းကလေးပုံက

ဝမ်းရေးအတွက်သာလုပ်ရပေမဲ့

မကြည်သာပဲ စိတ်မသက်မသာပုံဖြစ်နေတယ်။

ဒီပုံတွေ ku6.com ပေါ်တက်လာတော့

ဝေဖန်သံအမျိုးမျိုးထွက်ပေါ်လာပါတယ်။

တစ်ယောက်က ဒီဆိုင်ပိုင်ရှင်တွေ ရှက်သင့်တယ် လို့ရေးထားပြီါ်

နောက်တစ်ယောက်ကလည်း နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ် လို့ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။