Synergy ဆိုတာကတော့ Role နဲ့ Faction ဆိုပြီးနှစ်ခုခွဲထားကာ သူတို့တွေကတော့ " Mobile Legends ထဲက Magic Chess ကိုအနိုင်ရဖို့အတွက် နည်းလမ်းတွေထဲက တစ်ခု " ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းမှာဖော်ပြထားသလိုပဲ Role 9 ခုနဲ့ Faction 10 ခုပါဝင်ပါတယ်။ ကျန်တဲ့တချို့တွေကိုတော့ ဂိမ်းထဲကနေ ထုတ်ထားပါတယ်။ ခုအောက်မှာဆိုရင်တော့ Role ၃ ခုရဲ့ Effect တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။  

Weapon Master

Weapon Master ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Weapon Master Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆‌ယောက်လိုအပ်ပါတယ်။ ၃ယောက်ဆိုရင်ရရှိမယ့် Effect ကတော့ ကိုယ့်ဘက်က Damage ပေးနိုင်ရင် ကိုယ့်ဘက်က Hero တွေဟာ ၂၅% သွေးပြန်တက်မှာဖြစ်ပါတယ်။ ၆ယောက်ဆိုရင် Hero အကုန်လုံးဟာ ၆၅% သွေးပြန်တက်မှာဖြစ်ပါတယ်။ 

Targeman

Targeman ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Targeman Hero အနည်းဆုံး ၂ ယောက်ကနေ ၄ ယောက်ထိ လိုအပ်ပါတယ်။ သူဆိကနေ ရရှိမယ့် Effect ကတော့ Targeman Hero ၂ ယောက်ဆိုရင်တော့ ကိုယ့်ဘက်က Hero တွေကို သွေး ၁၂% နဲ့ညီမျှတဲ့ Shield 8 လွှာကိုပေးပါတယ်။ Targeman Hero ၄ ယောက်ဆိုရင်တော့ သွေး ၁၈% နဲ့ညီမျှတဲ့ Shield 8 လွှာကိုပေးပါတယ်။ အလွှာဆိုတာကတော့ Shield တက်နေတဲ့ သွေးပေါ်က အဖြူတုံးလေးကို ပြောတာဖြစ်ပါတယ်။ Shield ရဲ့ Stacked တွေက စုနိုင်ပါတယ်။ 

Marksman

Marksman ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Marksman Hero အနည်းဆုံး ၃ ယောက်ကနေ ၆ ယောက်ထိ လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Marksman Hero ၃ ယောက်ဆိုရင် Marksman Hero တွေရဲ့ Critical ထနိုင်တဲ့ နှုန်းကို ၂၀% ရရှိမှာဖြစ်ပြီး Critical Damage ကို ၃၀၀% ထိတိုးပေးမှာဖြစ်ပါတယ်။ ၆ ယောက်ဆိုရင်တော့ Marksman Hero တွေကို Critical ထနိုင်တဲ့ နှုန်း ၄၀% ရရှိမှာဖြစ်ပြီး Critical Damage ကို ၄၀၀% ထိတိုးပေးမှာဖြစ်တာမို့ Late Game ဆိုမခံနိုင်ပါဘူး။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။