ပရိသတ်ကြီးရေ မင်းသမီးချောလေး ယုသန္တာတင် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေပြီး အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ လက်ရှိမှာ ယုသန္တာတင် က ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း များစွာရိုက်ကူးနေရတာကိုတွေ့ရပါတယ်။

Photo Credit - Wai Lin (photography)
Photo Credit - Wai Lin (photography)

ယုသန္တာတင်ဟာ ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး ချောမောလှပနေတာကြောင့် ပရိသတ်ချစ်အားပိုနေရတာဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက အလန်းစားပုံရိပ်လေးတွေကိုရိုက်ကူးပြီး ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ယုသန္တာတင်က မြင်သူတိုင်းငေးမောသွားရလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Wai Lin (photography)
Photo Credit - Wai Lin (photography)

ဒီပုံလေးတွေကတော့ ယုသန္တာတင် က အလန်းစားဖက်ရှင်လေးကို ဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိတဲ့အမူအရာလေးတွေ နဲ့ အထာကျကျ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ယုသန္တာတင် က "တတ်နိုင်သလောက် အိမ်ထဲမှာနေမယ်.. ဥယျာဉ်လေးတွေ ပျိုးမယ် .. ပန်းပွင့်လေးတွေနဲ့ အပြိုင်လှမယ်.. ချစ်တဲ့လူတွေ စိတ်ချမ်းသာဖို့ ယုပုံလေးတွေတင်ပေးမယ် " ဆိုပြီး ရေးသား ဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေ နဲ့ အထာကျကျ ပို့စ်ပေးနေတဲ့ ယုသန္တာတင် ရဲ့ အလန်းစားပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Wai Lin (photography)

Source- Yu Thandar Tin fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။