တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ထိုက်ထိုက်ကတော့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီး Melody Worldပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ရင်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ထိုက်ထိုက်က ယခုလက်ရှိအချိန်မှာတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာလုပ်ဆောင်နေပါတယ်နော်။ပရိသတ်တွေကတော့ ထိုက်ထိုက်ကိုလည်းချစ်ကြသလို သူမရဲ့သီချင်းတွေကိုလည်း အားပေးနားထောင်ကြပါတယ်။

Photo Credit:Htike Htike Aung's Facebook Account
Photo Credit:Htike Htike Aung's Facebook Account
Photo Credit:Htike Htike Aung's Facebook Account

ထိုက်ထိုက်တို့ဇနီးမောင်နှံနှစ်ယောက်က လက်ထပ်ထားကြတာမကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အချစ်တွေကတော့ နက်ရှိုင်းကြပါတယ်နော်။ထိုက်ထိုက်ကလည်း ချစ်ခင်ပွန်းအပေါ်မှာ ဇနီးတစ်ယောက်ရဲ့ တာဝန်၊ဝတ္တရားတွေကို ကျေပွန်ပြီး ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသပါတယ်။ထိုက်ထိုက်တို့ဇနီးမောင်နှံကတော့ အေးအတူပူအမျှနဲ့လက်တွဲနေကြလို့ ကြည်နူးစရာအိမ်ထောင်ရေးလေးပါပဲနော်။

Photo Credit:Htike Htike Aung's Facebook Account
Photo Credit:Htike Htike Aung's Facebook Account
Photo Credit:Htike Htike Aung's Facebook Account

အခုဆိုရင်တော့ ထိုက်ထိုက်က ချစ်ခင်ပွန်းရဲ့မွေးနေ့လေးမှာ"မနက်ဖြန်အတွက် Pre Birthday wish !Happy birthday ကိုကို ရည်းစားဘဝတုန်းကလို သိန်းချီတဲ့Surprise တွေတော့ မလုပ်ဖြစ်တော့ပါဘူး ။ Covid ဖြစ်တာနဲ့ရောချလိုက်ပြီးတော့ ငွေကြေးထက် တန်ဖိုးရှိတဲ့ Handmade လေးတစ်ခုကို ပဲ လက်ဆောင်ပေးလိုက်တယ် ။ Handmade with Heart လေ ။။ ဒီ့ထက် တန်ဖိုးကြီးတာ ဘာရှိဦးမှာလဲ ( နောက်ဆုံးမှာ ပုံလေးပါပါတယ် ) Covid ဖြစ်နေတဲ့ကာလမှာ အားလုံးလည်း စိတ်တွေရှုပ်နေတဲ့ ကာလဆိုတော့ အနည်းငယ်ဖြစ်စေ စိတ်ချမ်းသာစရာလေးတွေ မြင်ပြီး ပျော်သွားအောင်တင်လိုက်ပါတယ် ။ "ဆိုပြီး အမှတ်တရပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Htike Htike Aung's Facebook Account
Photo Credit:Htike Htike Aung's Facebook Account
Photo Credit:Htike Htike Aung's Facebook Account

Source&Photo Credit:Htike Htike Aung's Facebook Account

Video Credit:Htike Htike Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။