ချစ်ပရိသတ်ကြီးရေ....အပြုံးချိုချိုလေးနဲ့ ပုရိသတွေကို ရင်ခုန်အောင် ဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်။ သူမဟာ ကြော်ငြာများရိုက်ကူးရာမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် အားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ နော်ဖောဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။

Photo credit - Naw Phaw Eh Htar's Facebook Page

နော်ဖောဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ တောက်လျှောက်ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ် ။ နော်ဖောရဲ့ အသားအရည်လေးတွေဟာလည်း ဖြူဖွေးဝင်းမွတ်နေပြီး ကိုရီးယားမင်းသမီးလေးလို့ ထင်မှတ်မှားရလောက်အောင် ချစ်စရာကောင်းလွန်းနေတာပါ။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလျက်ရှိရာ အခုမှာလည်း အမိုက်စားပုံရိပ်လေးတွေ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

Photo credit - Naw Phaw Eh Htar's Facebook Page

နော်ဖောက သူမရဲ့ သွယ်လျကျစ်လစ်တဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုမိုလှပပြီး ပေါ်လွင်စေတဲ့ အသားကပ်ဂါဝန်တိုလေးနဲ့ ဆွဲဆောင်မှုရှိရှိ ပိုစ့်ပေးကာ အသည်းယားစရာကောင်းလွန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ နော်ဖောရဲ့ ပုံလေးတွေတိုင်းက ကြည့်မိသူပရိသတ်တိုင်းကို အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် .....။ 

Photo credit - Naw Phaw Eh Htar's Facebook Page
Photo credit - Naw Phaw Eh Htar's Facebook Page

Photo credit - Naw Phaw Eh Htar's Facebook Page 

Source - Naw Phaw Eh Htar's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။