ဂီတလောကရဲ့ငွေကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ကတော့ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ် ။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့စုံတွဲလေးက ဂီတအလုပ်တွေကို အတွဲညီညီနဲ့ အတူလက်တွဲကာ လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နားလည်မှုရှိရှိလက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်း အပြတ်အသတ် ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khun Photography
Photo Credit-Khun Photography
Photo Credit-Wine Su's FB Acc

လက်ရှိမှာ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ် ။ ဒီနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ အောင်လရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် ချစ်သူလေးဝိုင်းစုကလည်း မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ဝိုင်းစုကတော့ အရမ်းချစ်ရတဲ့အောင်လအတွက် ဆုမွန်ကောင်းတွေတစ်ဝကြီးတောင်းပေးထားသလို အမှတ်တရပုံလေးကိုလည်း တင်ထားသေးတာ ဖြစ်ပါတယ် ။

Photo Credit-Wine Su's FB Acc
Photo Credit-Wine Su's FB Acc
Photo Credit-Wine Su's FB Acc

ဝိုင်းစုက "Happy birthdayချစ်ဆုံး ဒီနှစ်မွေးနေ့ကစပြီး ဘဝတစ်လျှောက်လုံးကို...ဖြစ်ချင်တဲ့ ဆန္ဒတွေ အကုန်ပြည့်ပါစေကို...ဖန်တီးချင်တဲ့ အနုပညာတွေကိုလည်း အကောင်းဆုံးဖန်တီးနိုင်ပါစေ ချစ်ကိုလည်း အမြဲချစ်နိုင်ပါစေလို့" ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ အောင်လအနေနဲ့ကတော့ မွေးနေ့မှာဖြတ်သန်းရတဲ့ သူ့ရဲ့အတွေ့အကြုံလေးတွေကို ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wine Su's FB Acc

Photo Credit-Khun Photography
Photo Credit-Reodineius Aung La's FB Acc
Photo Credit-Wine Su's FB Acc
Photo Credit-Reodineius Aung La's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။