မင်းသားချောလေးဘုန်းလျှံကတော့ တစ်ချိန်ကအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရယူထားနိုင်ခဲ့ကာ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ကျရာနေရာတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ဘုန်းလျှံကတော အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

ဘုန်းလျှံကတော့ ယခုမှာအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေသလို အလှူအတန်းတွေကိုလည်း ပြုလုပ်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ဘုန်းလျှံကတော့ ချစ်ရတဲ့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ ချပြထားပြီး သူတိုစုံတွဲလေးကတော့ မကြာခင်လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ဘုန်းလျှံတို့စုံတွဲလေးကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။  

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

ဘုန်းလျှံတို့ စုံတွဲလေးကတော့ ယခုမှာ ပရိသတ်တွေနဲ့ သိချင်တဲ့မေးခွန်းလေးတွေကိုဖြေပေးရင်း စနောက်ကာပျော်ရွှင်နေကြပါတယ်။ ဘုန်းလျှံတို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဘုန်းလျှံတို့ စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source  -Bhone Hlan's FB Acc

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။