Photo from - liquipedia

China Region က နောက်တက်လာတဲ့အသင်းတွေထဲမှာ တော်တော်လေး strong ဖြစ်တဲ့ Sparking Arrrow Gaming ကတော့ လာမယ့် season သစ်မှာ ကစားမယ့် သူတို့ရဲ့ roster ကိုကြေညာခဲ့ပါတယ်။

လက်ရှိ Sparking Arrow Gaming ကြေညာခဲ့တဲ့ roster ထဲမှာတော့ players ဟောင်းတွေ တစ်ယောက်မှ ပါဝင်လာခဲ့ခြင်း မရှိတော့ဘဲ players အသစ် ငါးယောက်နဲ့ အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

Sparking Arrrow Gaming အနေနဲ့ carry player God-king နေရာမှာ Team Aster က carry player ဟောင်း J ကိုခေါ်ယူခဲ့ပြီး mid player DD ရဲ့ နေရာမှာလည်း Team Sirus က mid player Dstoness ကိုခေါ်ယူပြီး အစားထိုးခဲ့ပါတယ်။

offlaner Op ကတော့ player ဘဝကနေ အသင်းရဲ့ coach အဖြစ် ကူးပြောင်းသွားခဲ့ပြီး po 4 player FelixCuaoBa ရဲ့နေရာမှာတော့ RNG က September ကို ခေါ်ယူအစားထိုးခဲ့ပါတယ်။

Po 5 player ဖြစ်သူ Redpanda ကတော့ အသင်းမှာ ရှိနေသေးပေမယ့် 4AM ကိုရောက်ရှိဖို့ ရာခိုင်နှုန်း တော်တော်လေးများနေသလို SAG အနေနဲ့လည်း Team Sirus က XCJ ကို အငှားအနေနဲ့ ခေါ်ယူပြီး အစားထိုးခဲ့ပါတယ်။

ဒါ့ကြောင့် Sparking Arrow Gaming ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1- J

Po 2- Dstoness

Po 3- Flywin

Po 4- September

Po 5- XCJ

Coach - Op

တို့ပဲ ဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။