ရွှေရွှေတို့စုံတွဲလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားကြတာ ဖြစ်ပါတယ် ။ ရှေ့သွားနောက်လိုက်ညီပြီး အရမ်းကိုလိုက်ဖက်လွန်းတဲ့ ရွှေထူးတို့စုံတွဲလေးက သာယာစိုပြေတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ် ။ သူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာကြောင့် အမြဲတမ်းလိုလို ကြည်နူးပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

ရွှေထူးနဲ့ ရွှေမှုံတို့ဇနီးမောင်နှံက အနုပညာအလုပ်တွေကို အတူလက်တွဲကာလုပ်ကိုင်ခဲ့ကြသလို တေးသီချင်းတွေကိုလည်း အတူဖန်တီးပြီး သီဆိုခဲ့ကြတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ အရမ်းကိုအတွဲညီကြတဲ့ ရွှေရွှေတို့စုံတွဲလေးကို အားကျနေရတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ရွှေထူးက သူ့ရဲ့ဇနီးချောလေး ရွှေမှုံကို အစစအရာရာအလျှော့ပေးပြီး ဂရုတစိုက်ချစ်တတ်တာပဲ ဖြစ်ပါတယ် ။ အခုလည်း ရွှေထူးက ချစ်ဇနီးလေးရဲ့ပုံလေးတွေနဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Htoo Khant's FB Acc
Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Htoo Khant's FB Story

ရွှေထူးက အိမ်မှာနေရင်း ချစ်ဇနီးလေးရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေကို အမိအရရိုက်ကူးပြီး My Story မှာ မျှဝေထားတာပဲ ဖြစ်ပါတယ် ။ ရွှေမှုံလေးကတော့ ဘာမှမပြင်ဆင်ထားတဲ့ ပုံစံလေးနဲ့တောင် ရိုးရိုးလေးလှနေပြီး အရမ်းကို ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ခင်ပွန်းဖြစ်သူရွှေထူးကိုယ်တိုင် ရိုက်ကူးထားတဲ့ ရွှေမှုံရတီရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Htoo Khant's FB Story 

Photo Credit-Htoo Khant's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။