ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်း ကောင်းတာမို့ ပရိသတ်တွေအားလုံးက သည်းသည်းလှုပ် အချစ်ပိုနေကြရသူလေးပါပဲ..။

စိုးညီအစ်မတွေထဲက အငယ်ဆုံးလေးဖြစ်တဲ့ စိုပြည့်လေးကတော့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အကယ်ဒမီဆုကိုပါ ဆွတ်ခူးရရှိထားပြီး အေးချမ်းတဲ့အလှတရားတွေကိုပါ ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်..။

Photo Credit - Kan Su Ho
Photo Credit - Kan Su Ho

စိုးပြည့်လေးကတော့ အမြဲတမ်းလူချစ်လူခင်ပေါများသလို အခုတ်ခါမှာလည်း သွေးပေါင်တွေအရမ်းကျလို့ အိပ်နေချိန်လေးမှာ မွေးနေ့အကြို လက်ဆောင်တွေနဲ့ကိတ်တွေ Surprise လုပ်ပေးသွားတဲ့ ချစ်ရသူတွေကြောင့် ပျော်နေခဲ့ပါတယ်နော်..။

နေမကောင်းလို့ အိပ်နေတာမို့ လက်ဆောင်လေးတွေ ပေးသွားတဲ့ ပရိသတ်တွေကိုလည်း မတွေ့လိုက်ရလို့ စိတ်မကောင်းဖြစ်နေသလို တောင်းပန်စကားလေးနဲ့အတူ ကျေးဇူးစကားလေးကိုလည်း စိုးပြည့်လေးက ပြောထားပါသေးတယ်..။

Photo Credit - Soe Pyae Thazin's Fb Account
Photo Credit - Soe Pyae Thazin's Fb Account
Photo Credit - Soe Pyae Thazin's Fb Account

"ဒီနေ့... စိုးပြည့်သွေးပေါင်တွေအရမ်းကျနေလို့...(၉၀/၆၀ဘဲရှိလို့)အခန်းထဲမှာအိပ်နေတုန်း....ချစ်တဲ့သူများက မွေးနေ့အကြို ပျော်ရအောင်လာပေးသွားတယ်.. ကျေးဇူးအများကြီး တင်ပါတယ်နော်... ပေးသွားတဲ့ ညီမလေးတွေကို မတွေ့လိုက်နိုင်တဲ့အတွက် အားလည်းနာရပါတယ်.... တောင်းပန်ပါတယ်နော်.... ဘယ်သူလေးမှန်းလည်း မသိလိုက်တဲ့အတွက်... ကွန်မန့်လေးမှာ ပြောပြပေးပါဦးနော်..." ဆိုပြီး စိုးပြည်ြလေးက ပြောပြထားတာပါ..။

ချစ်ရာကောင်းတဲ့ စိုးပြည့်လေးကို အားလုံးက ချစ်ခင်ကြတာမို့ ဒီကနေ့လေးမှာလည်း သူမရဲ့အပျော်လေးတွေကို ပြန်လည်မျှဝေပြောပြလိုက်ပါတယ့နော်..။

Photo Credit - Soe Pyae Thazin's Fb Account
Photo Credit - Soe Pyae Thazin's Fb Account

Source & Photo Credit - Soe Pyae Thazin's Fb Account & Kan Su Ho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။