ပရိသတ်ကြီးရေ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကတော့ မြန်မာပြည်ကပရိသတ်တွေ ရဲ့ အချစ်တွေကို အချိန်အတိုတွင်း ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ Sinon Loresca ဟာ ဖြူစင်စိတ်ထားလေးတွေအပြင် ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် လူတွေသိထားမိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page

Sinon Loresca ကမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့အချိန်လေးမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်ပေးပါတယ်။ ဒါ့အပြင်သူဟာ အောင်မြင်မှုတွေရရှိနေခဲ့ပေမယ့်လည်း သူ့ရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကတော့ တကယ့်ကို လေးစားစရာကောင်းလောက်ပါတယ်။ ယခုမှာလည်း Sinon Loresca က ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page

ဒီဗီဒီယိုလေးထဲမှာတော့ Sinon Loresca ဟာ အာဟာရဒါနအဖြစ် ပေါင်မုန့်တွေကို လမ်းပေါ်မှာ ရုန်းကန်လှုပ်ရှားနေတဲ့သူတွေ အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီယိုလေးကိုတော့ ပရိသတ်တွေလည်း ကြည်နူးပီတိ ဖြစ်မယ်လို့ထင်မိပါတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ တကယ့်ကို မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ Sinon Loresca ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်။

photo credit - Sinon Loresca fb page

Source - Sinon Loresca fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။