တည်ကြည်ပြီး ယောကျာ်းပီသလွန်းတဲ့ ပုံစံကြောင့် မိန်းကလေးပရိသတ်တွေရဲ့ စောင့်ကြည့်အားပေးခြင်းကို ခံနေရသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေရဲ ပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားအလတ်ဖြစ်ပြီး ဖခင်ဖြစ်သူ ၊ ညီမလေးတို့နဲ့အတူ အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ နေရဲဟာ ဖက်ရှင်တွေကို စမတ်ကျကျ ဝတ်ဆင်တတ်သူ ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်းကို ကြွေနေရတာပါ။

Photo Crd- Nay Ye’s Facebook Account
Photo Crd- Nay Ye’s Facebook Account
Photo Crd- Nay Ye’s Facebook Account

နေရဲဟာ လတ်တလောမှာတော့ မိသားစုနဲ့အတူ မန္တလေးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ရိုက်ကူးရေးရှိတာကြောင့် မိသားစုလိုက် သွားရောက်ကာ လိုအပ်တာတွေကို ကူညီလုပ်ကိုင်ပေးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလျက်ရှိရာ အခုတစ်ခါမှာလည်း နေရဲရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nay Ye’s Facebook Account
Photo Crd- Nay Ye’s Facebook Account
Photo Crd- Nay Ye’s Facebook Account

ဒါကတော့ ကျန်းမာကြံ့ခိုင်စေရန်အတွက် Boxing ထိုးကာ အပြင်းအထန် လေ့ကျင့်နေတဲ့ နေရဲရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ နေရဲကလည်း " ချစ်တယ်နော် အလိုမလိုက်ဘူး " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် နေရဲရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Ye’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။