ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိလာပြီး အောင်မြင်မှုရရှိနေတဲ့ တက်သစ်စမင်းသမီး‌ချောလေးတွေထဲမှာဆိုရင် မေတိုးခိုင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ သူမဟာအနုပညာမျိုးရိုးရှိသူလည်းဖြစ်ပြီး သူမရဲ့အန်တီဖြစ်သူကတော့ ဒိတ်ဒိတ်ကြဲမင်းသမီးချောကြီးဖြစ်တဲ့ ထပ်ဆင့်အကယ်အိန္ဒြာကျော်ဇင်ပါနော်။ မေတိုးခိုင်ဟာ တီတီအူဝဲဆီကနေအနုပညာအမွေကိုဆက်ခံထားတဲ့သူလေးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပါ။

Photo credit - May Toe Khine's facebook page
Photo credit - May Toe Khine's facebook page

မေတိုးခိုင်က ကြော်ငြာတွေနဲ့ photo shootingတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မေတိုးခိုင်က ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပိန်ပါးကျစ်လစ်တဲ့ သေးသေးသွယ်သွယ် ကိုယ်ခန္ဓာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း များစွာရရှိထားတဲ့ သူလေးဆိုလည်း မမှားပါဘူးနော်။

Photo credit - May Toe Khine's facebook page
Photo credit - May Toe Khine's facebook page

မေတိုးခိုင်ဟာ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ Here to brighten up ur day စိတ်မညစ်နဲ့ ခဏလောက်ပြုံးပြသွား Btw အင်္ကျီတစ်ထည် ထဲ နဲ့ အဆင်ကိုပြေနေရော" ဆိုတဲ့ captionလေးနဲ့ ချစ်စဖွယ်ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.......ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit - May Toe Khine's facebook page
Photo credit - May Toe Khine's facebook page

Source & Photo credit - May Toe Khine's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။